BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗုံးထောင်သူ လူသားဆန်တယ်ဆိုတဲ့ Video...
သတင်းအတု

ဗုံးထောင်သူ လူသားဆန်တယ်ဆိုတဲ့ Video က ၂၀၁၃ က ဖြစ်စဉ်သာဖြစ်

နေပြည်တော်ကောင်စီနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ နေအိမ်အနီး လက်ပစ်ဗုံးတွေ့ရှိမှုနဲ့ ပတ်သတ်ပြီး ရဲအရာရှိတစ်ဦးပြောဆိုထားတယ်ဆိုတဲ့ အွန်လိုင်းပေါ်က ဗွီဒီယိုဖိုင်တစ်ခုက လက်ရှိဖြစ်စဉ်နဲ့ဆက်စပ်မှုမရှိပါဘူး။

By - Boom Live Myanmar |
Published -  26 Sept 2020 8:28 PM IST
  • ဗုံးထောင်သူ လူသားဆန်တယ်ဆိုတဲ့ Video က ၂၀၁၃ က ဖြစ်စဉ်သာဖြစ်

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ရက်နေ့ ည ၁၀နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ နေအိမ်ရှေ့မှာ ရပ်ထားတဲ့ ကားအနီး လက်ပစ်ဗုံးတစ်လုံးတွေရှိခဲ့မှုနဲ့ ဆက်စပ်ပြီး ရဲဘက်က ပြောကြားမှုဆိုပြီး တစ်မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့နေတာပါ။

    ဒီဗွီဒီယိုဖိုင်ကို Chaw Su Cho ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး ရေးသားထားမှုတွေကတော့ "ဖြစ်ရလေ...သူပြောမှပဲ ရွေးကော်ဥက္ကဌအိမ် ဗုံး ပစ်တဲ့သူကို ကျေးဇူးရှင်ဆိုပြီး ဘုရားစင် ပေါ် တင် ကိုးကွယ်ထားရမလို… ရှေ့နေတောင် လိုက်ပေးနေသေး..🙄🙄 လူ သေစေ ချင်မှတော့ ကွမ်းဝါးပြီး ကွမ်းသွေးထွေးတာထက်တောင် လွယ်သေးတယ်ဆိုပဲ...အံမလေးဟယ်..ဟောဒီမှာ လူသားဆန်တဲ့ ဗုံး တဲ့" ဆိုပြီး ပါဝင်ပါတယ်။

    ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဗွီဒီယိုဖိုင်ကိုကြည့်ရင် ဒါဟာ Eleven မီဒီယာက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ဖြစ်‌ပေမယ့် တကယ့်ဖြစ်စဉ်က ၂၀၁၃ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ဖြစ်ပွားခဲ့တာကြောင့် Eleven Media ကတင်ထားတဲ့ ရုပ်သံဖိုင်မူရင်းကိုတော့မတွေ့ရသေးပါဘူး။

    ဒါပေမဲ့ ဒီဗွီဒီယိုဖိုင်မှာ ပါဝင်တဲ့ ရဲအရာရှိရဲ့ နာမည်နဲ့ တာဝန်ကျစခန်းကို စာနဲ့ဖော်ပြရာမှာ "ဦးဝင်းနိုင် (အလုံရဲစခန်း)" လို့ ဆိုထားတဲ့အတွက် ဒါက ခုဖြစ်ပွားရာ နေပြည်တော်ကောင်စီ နယ်မြေ ဆိုတာနဲ့ ဆန့်ကျင်နေပါတယ်။


    တကယ်တော့ ဒီ Video မှာပြောဆိုတဲ့ဖြစ်စဉ်ဟာ ၂၀၁၃ နှစ်ကဖြစ်ပွားခဲ့တဲ့ရန်နဲ့မန္တလေးမှာတွေ့ရှိခဲ့တဲ့ ဗုံးထောင်မှုဖြစ်စဉ်တွေနဲ့ဆက်စပ်နေတာဖြစ်ပါတယ်။ အလုံမြို့မရဲစခန်းက စခန်းမှုးဦးဝင်းနိုင်ပြောဆိုထားတဲ့အကြောင်းအရာကတော့ အလုံမြို့နယ်က Western Park Ruby စားသောက်ဆိုင်မှာ ၂၀၁၃ ခုနှစ်အောက်တိုဘာလ ၁၄ ရက်မှာတွေ့ရှိခဲ့တဲ့လက်လုပ်ဖြစ်စဉ်ကိုရည်ရွယ်ပြောဆိုထားတာဖြစ်ပြီးအဲဒီလိုပြောဆိုခဲ့စဉ်ကလည်းဝေဖန်မှုတွေဖြစ် ပေါ်ခဲ့ပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ သတင်းကို ဧရာဝတီဝဘ်ဆိုက်မှာဝင်ကြည့်နိုင်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။

    ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာကတည်းက ထူးဆန်းသောဗွီဒီယိုများနှင့် သုတ ရသ အထွေထွေ ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကလည်း ဖြန့်ဝေထားဖူတာ ဖြစ်သလို ၂၀၁၈ နဲ့ ၂၀၁၉ တွေမှာလည်း ဒီနေရာ နဲ့ ဒီနေရာ တွေကနေ ဖြန့်ဝေထားခဲ့သေးတာကြောင့် အခုဖြစ်ပွားတဲ့ ကိစ္စနဲ့ သက်ဆိုင်မှု မရှိတာကိုတွေ့ရပါတယ်။ ပုံတွေမှာပါတဲ့ အစိမ်းရောင်ခြယ်ပြသထားတဲ့ နေ့စွဲကို ကြည့်ရှု့နိုင်ပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    နောက်တစ်ချက်အနေနဲ့ ဗွီဒီယိုဖိုင်ရဲ့ ၈ စက္ကန့်မှာ ရဲအရာရှိ ပြောထားထားတာက "ကျွန်တော့်ကို သေစေချင်ရင် သူဖောက်ပြစ်လိုက်မှာပေါ့။ ဆိုင်ကလူတွေကို သေစေချင်ရင်လည်း သူကိုင်ပလိုက်မှာပေါ့" ဆိုပြီး ပြောဆိုထားတဲ့အတွက် ခုဖြစ်ပွားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ နေအိမ်ရှေ့တွင်ရပ်ထားသော ကား အနီးမှာဆိုတဲ့အချက်နဲ့ လက်ပစ်ဗုံးဆိုတဲ့အချက် တွေနဲ့လည်း လွဲချော်နေပါတယ်။ လက်ပစ်ဗုံးဆိုတဲ့ သဘောက အဝေးတနေရာကနေ ထိမ်းချုပ်ဖောက်ခွဲတဲ့ လက်နက်တစ်ခုမဟုတ်လို့ပါ။

    ဆိုင်ဆိုတဲ့ အချက်ရယ်၊ ဦးဝင်းနိုင် (အလုံမြို့မ ရဲစခန်း) ဆိုတဲ့အချက်၊ ဗုံးကိုအဝေးက ထိမ်းချုပ်နိုင်တဲ့ ပုံစံပြောဆိုမှုများကို တိုက်ဆိုင်စစ်ဆေးကြည့်ပါက ဒီဗွီဒီယိုဖိုင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အနောက်) ရပ်ကွက်၊ ကမ်းနားလမ်းက Western Park Ruby စားသောက်ဆိုင်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မိုင်းတွေ့ရှိမှုသတင်းနဲ့ ဆက်စပ်တာသာဖြစ်ပါတယ်။

    Tags

    Police officerFake videoFake newsBomb2013 Bombမိုင်းနှင့် ချိန်ကိုက်ဗုံး
    Read Full Article
    Claim :   နေပြည်တော်ကောင်စီနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ နေအိမ်အနီး လက်ပစ်ဗုံးတွေ့ရှိမှုနဲ့ ပတ်သတ်ပြီး ရဲအရာရှိတစ်ဦးပြောဆိုထားတယ်ဆိုပြီး အွန်လိုင်းပေါ် ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်နဲ့ ပါတ်သတ်ပြီး BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!