BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တိုမ်းမဂ္ဂဇင်းက Trump ကို Man of...
သတင်းအတု

တိုမ်းမဂ္ဂဇင်းက Trump ကို Man of the Ear အဖြစ်ဖော်ပြခဲ့တယ်ဆိုတဲ့ ဓါတ်ပုံအတု

တိုမ်းမဂ္ဂဇင်းက ဒေါ်နယ်ထရမ့်ကို Man of the Ear အဖြစ်ဖော်ပြခဲ့တယ်ဆိုတဲ့ ဓါတ်ပုံအတုတစ်ပုံထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 July 2024 9:00 PM IST
  • တိုမ်းမဂ္ဂဇင်းက Trump ကို Man of the Ear အဖြစ်ဖော်ပြခဲ့တယ်ဆိုတဲ့ ဓါတ်ပုံအတု

    အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက်စာမျက်နှာ တွေပေါ်မှာဖြန့်ထားကြတာဖြစ်ပြီး မကြာသေးမီက လုပ်ကြံခံထားရတဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ နားရွက်ကို အနာကပ် ပလာစတာ ကပ်ထားတဲ့ဓါတ်ပုံကို အသုံးပြုထားပါတယ်။ ၎င်းဓါတ်ပုံကို Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဖော်ပြထားတဲ့ပုံစံပြုလုပ်ထားကာ “Man of the Ear” ဆိုတဲ့ စာကို ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အသီးသီးဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    တိုမ်းမဂ္ဂဇင်းက ဒေါ်နယ်ထရမ့်ကို Man of the Ear အဖြစ်ဖော်ပြခဲ့တယ်ဆိုတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပြုပြင်ထားတဲ့ ဓါတ်ပုံအတုဖြစ်တာကို တွေ့ရပါတယ်။

    တိုမ်းမဂ္ဂဇင်းတွေဟာ မကြာခဏ အတုပြုလုပ်ခံရလေ့ရှိတဲ့အတွက် ၎င်းတို့ရဲ့ Cover Photo အစစ်နဲ့ အတုကို ခွဲခြားချင်ရင် အပေါ်ဘက်ထောင့်မှာ နေ့စွဲနဲ့ အောက်ဘက်ထောင့်မှာ Website ရဲ့ လိပ်စာ ပါဝင်တဲ့အတွက် အတု၊ အစစ် အလွယ်တကူခွဲနိုင်ကြောင်း၊ Logo ပုံစံ စတဲ့အသေးစိပ်တွေနဲ့လည်း ခွဲခြားကြည့်နိုင်တယ်လို့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    အခု ဓါတ်ပုံအတုထဲမှာတော့ သိသာထင်ရှားတဲ့ နေ့စွဲတွေ၊ Website လိပ်စာတွေလည်း ပါမလာသလို တိုမ်းရဲ့ Website ထဲမှာလည်း ဒီဓါတ်ပုံနဲ့ ကာဘာဖိုတို မရှိပါဘူး။


    ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးရေး ကမ်ပိန်းမှာ လုပ်ကြံခံရကာ နားရွက်ထိသွားပြီးနောက် အခုလို ဓါတ်ပုံအတုတွေနဲ့ ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။

    Tags

    Fake photoTime magazineDonal TrumpMan of the Earဓါတ်ပုံအတုတိုမ်းမဂ္ဂဇင်း
    Read Full Article
    Claim :   တိုမ်းမဂ္ဂဇင်းက ဒေါ်နယ်ထရမ့်ကို Man of the Ear အဖြစ်ဖော်ပြခဲ့
    Claimed By :  Facebook, Threads, X
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!