BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်နယ်ထရမ့်က...
သတင်းအတု

ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၃၀၀ လှူဒါန်းခဲ့တယ်ဆိုတဲ့ ဓါတ်ပုံအတု

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဟာရီကိန်း မုန်တိုင်း ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၃၀၀ လှူဒါန်းခဲ့တယ်ဆိုတဲ့ ဓါတ်ပုံအတုတစ်ပုံ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Oct 2024 8:14 PM IST
  • ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၃၀၀ လှူဒါန်းခဲ့တယ်ဆိုတဲ့ ဓါတ်ပုံအတု

    အဆိုပါ ဓါတ်ပုံဟာ ကို လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ဝေနေကြတာ ဖြစ်ပြီး အရမ်းချမ်းသာတဲ့ ဘီလီယံနာ တစ်ယောက်က ဒေါ်လာ ၁၃၀၀ ပဲ လှူဒါန်းတယ်ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။ ဖြန့်ထားတဲ့ ဓါတ်ပုံထဲမှာတော့ Fox News သတင်းဌာန logo နဲ့ ဒေါ်နယ်ထရမ့်က ဟာရီကိန်း မုန်တိုင်း ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၃၀၀ လှူဒါန်းတယ်ဆိုတဲ့ ချက်လက်မှတ်ကိုင်ထားတဲ့ ထရမ့်ရဲ့ ဓါတ်ပုံကို ဖော်ပြထားပါတယ်။

    မူရင်းဖော်ပြမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    https://www.threads.net/@joeylanyc/post/DBFGkLUpGcD

    https://www.threads.net/@visegradskyjezdec/post/DBHKFyBIZz1

    အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဟာရီကိန်း မုန်တိုင်း ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၃၀၀ လှူဒါန်းခဲ့တယ်ဆိုတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဓါတ်ပုံအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဓါတ်ပုံဟာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံဖြစ်ပြီး Fox News logo တပ်ကာ ဓါတ်ပုံအစစ်နဲ့တူအောင် ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ ထရမ့်က ဟာရီကိန်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအပေါ် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၃၀၀ သာ ပေးခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မရှိခဲ့သလို အထောက်အထားလည်း မရှိပါဘူး။

    အမေရိကန် သတင်းဌာနတစ်ခုဖြစ်တဲ့ USA TODAY ကလည်း ဒီအကြောင်းအရာဟာ သတင်းအတုဖြစ်ကြောင်း AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံဖြစ်ကြောင်း အချက်အလက် စစ်ဆေးအတည်ပြုထားပါတယ်။ USA TODAY က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။

    ဒီသတင်းအမှားဟာ အမေရိကန်မှာ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ထရမ့်အပေါ် ပုံဖျက်ဖို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Tags

    Fake photoAI-generatedDonald Trumpdonationhurricane reliefသတင်းအတုဒေါ်နယ်ထရမ့်မုန်တိုင်းကယ်ဆယ်ရေးဓါတ်ပုံအတု
    Read Full Article
    Claim :   ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၁၃၀၀ လှူဒါန်းခဲ့
    Claimed By :  Facebook, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!