BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အရက်သောက်လို့ ဦးနှောက်...
သတင်းအတု

အရက်သောက်လို့ ဦးနှောက် ပျက်ဆီးသွားတယ်ဆိုတဲ့ ဓါတ်ပုံအတု

အရက်သောက်စားမှုကြောင့် ဦးနှောက် ပျက်ဆီးမှု ဖြစ်ပေါ်တယ်ဆိုတဲ့ ဓါတ်ပုံအတုတစ်ပုံ ဖြန့်ဝေထားပါတယ်။

By - Boom Live Myanmar |
Published -  28 Nov 2024 6:52 PM IST
  • အရက်သောက်လို့ ဦးနှောက် ပျက်ဆီးသွားတယ်ဆိုတဲ့ ဓါတ်ပုံအတု

    အဆိုပါ ဓါတ်ပုံထဲမှာ ဦးနှောက် အသန့် တစ်ခုရဲ့ ဓါတ်ပုံနဲ့ ညစ်ပတ်ပေကျံကာ အမဲရောင်တွေဖြစ်နေတဲ့ ဦးနှောက်နဲ့ ခပ်ဆင်ဆင် အရာတစ်ခုရဲ့ ဓါတ်ပုံနှစ်ပုံကို ယှဉ်တွဲ ဖော်ပြထားပြီး ဓါတ်ပုံအောက်မှာ အရက်သောက်တဲ့ ဦးနှောက်ရဲ့ ပုံနဲ့ အရက်မသောက်တဲ့ ဦးနှောက်ရဲ့ ပုံဖြစ်တယ်လို့ ဖြန့်ထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အရက်သောက်စားသူရဲ့ ဦးနှောက်နဲ့ အရက်မသောက်သုံးသူရဲ့ ဦးနှောက်တွေလို့ နှိုင်းယှဉ်ပြထားတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မှားယွင်းစွာ ဖြန့်ဝေနေတဲ့ ဓါတ်ပုံဖြစ်တာကို တွေ့ရပါတယ်။

    ဒီဓါတ်ပုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က ဓါတ်ပုံဖြစ်ပြီး the Journal of the Royal Society Interface ရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားတဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။ အဲ့ဒီ သုတေသန စာတမ်းကို ၂၀၂၀ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး ရှေးဟောင်း ရုပ်ကြွင်းတွေကို သုတေသနာ ပြုထားတဲ့ စာတမ်းဖြစ်ပါတယ်။

    အဆိုပါ သုတေသန စာတမ်းကို ဒီနေရာမှာ ဖတ်ပါ။


    သတင်းအမှားဖြန့်သူဟာ ဒီရှေ့ဟောင်း ရုပ်ကြွင်း ဦးနှောက်တစ်ခုရဲ့ ဓါတ်ပုံကို အသုံးပြုပြီး အရက်သောက်သုံးသူရဲ့ ဦးနှောက်ပုံစံ ဖြစ်တယ်လို့ ဖြန့်ထားတာ ဖြစ်ပါတယ်။

    Read Full Article
    Claim :   အရက်သောက်စားမှုကြောင့် ဦးနှောက် ပျက်ဆီးမှု ဖြစ်ပေါ်
    Claimed By :  Facebook, X, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!