BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘာသာရေးသွေးထိုးတဲ့...
သတင်းအတု

ဘာသာရေးသွေးထိုးတဲ့ သတင်းအမှားတွေဖြန့်ဝေနေ

အာဏာသိမ်းမှုဖြစ်စဉ်အပြီး လပိုင်းအတွင်း လူမှုကွန်ယက်ပေါ်မှာ ဘာသာရေးကိစ္စနဲ့ပတ်သက်လို့ သွေးထိုးလှုံ့ဆော်ထားတဲ့ သတင်းအမှားတွေဆက်တိုက်ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar |
Published -  29 Jun 2021 6:04 PM IST
  • ဘာသာရေးသွေးထိုးတဲ့ သတင်းအမှားတွေဖြန့်ဝေနေ

    Boom Myanmar က စောင့်ကြည့်ထားတဲ့အချက်အလက်တွေအရပြီးခဲ့တဲ့ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ဘာသာရေးလူမျိုးရေးအရှုပ်အထွေးတွေကို ဦးတည်စေနိုင်တဲ့ လုပ်ကြံသတင်းအမှားတွေကိုလူမှုကွန်ရက်မှာဖြန့်ဝေလာပြီး ယခု အာဏာသိမ်းမှုအပြီးမှာလည်း အလားတူသတင်းတွေကိုဆက်လက်ဖြန့်ဝေနေတာတွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာပဲ အစ္စလာမ်ဘာသာဝင်တွေရဲ့ဗလီတွေမှာ လက်နက်တွေဝှက်ထားတာကြောင့်သတိပေးတဲ့ပုံစံနဲ့ရေးသားထားတဲ့လုပ်ကြံသတင်းအမှားတွေကို စစ်တပ်ထောက်ခံတဲ့ အကောင့်တွေကနေရည်ရွယ်ချက်ရှိရှိဖြန့်ဝေမှုတွေရှိလာပါတယ်။

    ဒီရက်ထဲမှာပဲ Thaung Htay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ ၂၇ ရက်၊ နေ့ခင်း ၃ နာရီ ၁၆ မိနစ်မှာရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာထဲမှာ "မြန်မာတစ်နိူင်ငံလုံး အရေးကြီးသဖြင့် ဖြန့်ဝေကြပါ။ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ သင်္ကန်းကျွန်း၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မင်္ဂလာဒုံ၊ မွတ်စလင်တွေအိမ်နှင့် နယ်ခံဗလီတွေထဲမှာ သေနတ်များထောင့်စေ့အောင် ပေးထားပြီး၊ နေပြီဖြစ်ပြီး များမကြာခင် မနက် ၃ နာရီ၊ အလစ်အငိုက် အချိန်တွင် တစ်ချိန်ကအင်ဒိုနီးရှားနိူင်ငံနည်းတူ ဘာသာရေးဂျီဟတ် ဆင်နွှဲမည်ဟု အတွင်းလူရဲ့ စကားအရ သိရပါတယ်" လို့ ရေးသားထားပါတယ်။

    အဆိုပါ အကြောင်းအရာကို Like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါး ရှိနေပြီး ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ အစ္စလာမ်ဘာသာရေး အဆောင်အဦးတွေဖြစ်တဲ့ ဗလီတွေမှာ လက်နက်တွေ ထားထားပြီး ဘာသာရေး စစ်ပွဲ ဆင်နွဲမယ် ဆိုတဲ့ အကြောင်းအရာတွေဟာ ပြီးခဲ့တဲ့ ဘာသာရေးအဓိကရုန်းဖြစ်စဉ်တွေမှာကတည်းက လူတွေထိတ်လန့်စေဖို့ လုပ်ကြံဖြန့်ဝေလေ့ရှိတဲ့အကြောင်းအရာမျိုးဖြစ်ပါတယ်။ဒီလို အကြောင်းအရာတွေဟာ ရွေးကောက်ပွဲ မတိုင်ခင်ကရော လက်ရှိအချိန်အထိပါဖြန့်ဝေလေ့ရှိတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။

    အလားတူအထက်ပါအအကြောင်းအရာတွေထဲမှာ ဗလီတွေမှာလက်နက်တွေထားပြီး ဂျီဟတ်လုပ်ဖို့ကြံရွယ်နေတယ်၊ အတွင်းလူတွေရဲ့စကားတွေအရသိရပါတယ်စသဖြင့်ရေးသားမှုတွေဟာအထောက်အထားတစုံတရာမပါဝင်သလို၊ ယခင်ဘာသာရေးပြသနာဖြစ်စဉ်တွေမှာဖြန့်ဝေလေ့ရှိတဲ့ ဝါဒဖြန့်အသုံးအနှုန်းတွေကိုပြန်လည်ဖြန့်ဝေနေတဲ့ပုံစံဖြစ်ပါတယ်။

    ဒါ့အပြင် လက်ရှိအချိန်အထိ အစ္စလာမ်ဘာသာာရေးအဆောက်အအုံတွေမှာလက်နက်တွေသိုလှောင်ထားတယ်ဆိုတဲ့သတင်းတွေကို စစ်ကောင်စီပိုင်မီဒီယာတွေက ထုတ်ပြန်ကြေငြာခြင်းမရှိသလို ဒီလိုတွေ့ရှိတယ်ဆိုတဲ့အထောက်အထားတွေလည်းရှိမနေသေးပါဘူး။

    သတင်းအမှား ဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ အမျိုးသားရေးအမည်နဲ့ ဆူပူမှု ဖြစ်အောင် လှုပ်ရှားနေတဲ့ မဘသ အဖွဲ့ဝင်တွေ ဖြစ်တာကို တွေ့ရပြီး၊ စစ်ကောင်စီကို ထောက်ခံအားပေးဖို့ လှုံ့ဆော် ရေးသားမှု ပြုလုပ်နေတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsreligionincitementCoupMilitaryသတင်းအတုဘာသာရေးသွေးထိုးလှုံ့ဆော်
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ အစ္စလာမ်ဘာသာရေး အဆောင်အဦးတွေဖြစ်တဲ့ ဗလီတွေမှာ လက်နက်တွေ ထားထားပြီး ဘာသာရေး စစ်ပွဲ ဆင်နွဲမယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!