BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အွန်လိုင်း...
သတင်းအတု

အွန်လိုင်း ရှော့ပင်းနဲ့ပတ်သက်ပြီးအချက်အလက်မှားတွေပါဝင်တဲ့ သတင်းအတု

ဆိုရှယ်မီဒီယာပေါ်မှာ Live လွှင့်ပြီးဈေးရောင်းသူတွေ၊ Tik Tok ဆော့ပြီး ဈေးရောင်းသူတွေကို ရှေ့နေအသင်းချုပ်က တရားစွဲမယ်ဆိုပြီး ဝေမျှထားတဲ့အကြောင်းအရာတစ်ခုပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  26 May 2020 5:24 PM IST
  • အွန်လိုင်း ရှော့ပင်းနဲ့ပတ်သက်ပြီးအချက်အလက်မှားတွေပါဝင်တဲ့ သတင်းအတု

    ဒီသတင်းကို Yan Naing Phyo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အွန်လိုင်းဈေးရောင်းသူတွေစုစည်းထားတဲ့ "မသုံးဖြစ်လို့ ပိုနေတာလေးတွေ ရောင်းဝယ်ကြမယ်" ဆိုတဲ့ Facebook Group ထဲမှာ မေလ ၂၄ ရက် မနက် ၁၁ နာရီ ၅၄ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပါတယ်။

    ၎င်းသတင်းအတုထဲမှာ "Liveလွှင့်ပီးဈေးရောင်းခြင်း၊ Tik Tokဆော့၍ ဈေးရောင်းခြင်း၊ postအောက်တွင် ဈေးရောင်းခြင်းများကို တရာစွဲဆိုပီး အမူဖွင့်ဖို့ ရှေ့နေများအသင်းချုပ် meeting ထိုင်နေပါပီ" (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း) လို့ ရေးသား ထားပြီး ရန်ကုန်ရှေ့နေအသင်း ရုံးခန်းထဲမှာ အစည်းအဝေး ပြုလုပ်နေတဲ့ ဓါတ်ပုံ တစ်ပုံ အသုံးပြုထားပါတယ်။

    အဆိုပါ သတင်းအတုကို ထပ်ဆင့်ဝေမျှသူ ၆၀ ကျော်ရှိနေပြီး Comment ရေးသားသူ ၁၅၀ ကျော်ရှိနေပါတယ်။ Comment ရေးသားသူ အများစုဟာ Online Shopping ပြုလုပ်သူများ ဖြစ်ပြီး ၎င်းတို့ ရောင်းချနေတဲ့ ပစ္စည်းကို Comment မှာ လာရေးနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Yan Naing Phyo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ Live လွှင့်ပြီးဈေးရောင်းတာတွေ၊ Tik Tok ဆော့ပြီး ဈေးရောင်းတာတွေ၊ Post အောက်မှာ ဈေးရောင်းတာတွေကို တရားစွဲဖို့ ရှေ့နေအသင်းချုပ်က အစည်းအဝေး ပြုလုပ်နေပြီဆိုတဲ့သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နောက်ပြောင်ကြည်စယ်ထားတဲ့ သတင်းအတုဖြစ်ကြောင်း တွေ့ရပါတယ်။

    Online မှာ ဈေးရောင်းနေသူတွေကို ရှေ့နေအသင်းက တရားစွဲမယ်ဆိုတာ တကယ်မဟုတ်ပါဘူး။ ပြီးတော့ ၎င်း အသုံးပြုထားတဲ့ ဓါတ်ပုံဟာလည်း ရန်ကုန်ရှေ့နေအသင်းရဲ့ ဓါတ်ပုံသာဖြစ်ပါတယ်။

    ဒါ့အပြင် Online Shopping နဲ့ ပက်သက်ပြီးတော့ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံထားခြင်းမရှိတဲ့အတွက် အခွန်ရှောင်တိမ်းမှုတွေ၊ FDA ရဲ့ စစ်ဆေးခြင်း မရှိသေးတဲ့ စားသုံးရန်သင့်၊ မသင့် အစားအစာတွေ၊ ဆင်တူယိုးမှား ကုန်ပစ္စည်း အတုပြုလုပ်တာတွေကို ထိန်းချုပ်ဖို့အတွက်သာ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

    လက်ရှိမြန်မာနိုင်ငံမှာ အီလက်ထရွန်းနစ် ကုန်သွယ်မှု ဥပဒေ (E-Commerce Law) မရှိသေးတဲ့အတွက် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေသာ အရေးယူလို့သာ ရနိုင်ပါသေးတယ်။

    ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်က ပြဌာန်းထားတဲ့ စားသုံးသူကာကွယ်ရေး ဥပဒေကို ဒီမှာ ဖတ်နိုင်ပါတယ်။

    Online Shopping နဲ့ ပက်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်းပါးကို ဒီမှာ ဖတ်နိုင်ပါတယ်။

    အွန်လိုင်းရှော့ပင် ပြုလုပ်သူတွေကြားမှာ လိမ်ညာမှုတွေ မဖြစ်ပေါ်စေဖို့ ဌာနတစ်ခုခုမှာ တရားဝင်မှတ်ပုံတင်ဖို့ စာသုံးသူညွှန်ကြားရေး ဦးစီးဌာနက ပြောထားတဲ့ DVB သတင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။




    Tags

    Fake NewsOnline Shopping
    Read Full Article
    Claim :   Yan Naing Phyo ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ Live လွှင့်ပြီးဈေးရောင်းတာတွေ၊ Tik Tok ဆော့ပြီး ဈေးရောင်းတာတွေ၊ Post အောက်မှာ ဈေးရောင်းတာတွေကို တရားစွဲဖို့ ရှေ့နေအသင်းချုပ်က အစည်းအဝေး ပြုလုပ်နေပြီဆိုတဲ့သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!