BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကျွန်ပညာရေး သရုပ်ဖော် ဆန္ဒပြစဉ်က...
သတင်းအတု

စစ်ကျွန်ပညာရေး သရုပ်ဖော် ဆန္ဒပြစဉ်က ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီး သတင်းအမှားဖြန့်

ရေဦးမြို့နယ်က စစ်ကျွန်ပညာရေး သရုပ်ဖော် ဆန္ဒပြစဉ်က ဓါတ်ပုံအဟောင်းတွေ ပြန်လည်အသုံးပြုပြီး သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2022 3:08 PM IST
  • စစ်ကျွန်ပညာရေး သရုပ်ဖော် ဆန္ဒပြစဉ်က ဓါတ်ပုံအဟောင်းတွေ အသုံးပြုပြီး သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို Kyaw Min Lwin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၂၇ ရက်၊ ည ၉ နာရီ ၉ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး စာသင်ခန်းအတွင်းမှာ ဆရာမတစ်ဦး စာသင်နေပြီး အနားမှာ စစ်သာဝတ်စုံနဲ့ သေနတ်ကိုင်ထားတဲ့ သူ ၂ ဦးက အရက်ပုလင်းတွေ တင်ထားတဲ့ စားပွဲဘေးမှာ ထိုင်နေတဲ့ ဓါတ်ပုံတွေကို သုံးထားပါတယ်။ ၎င်း ဓါတ်ပုံတွေနဲ့အတူ "PTF: People Terrorism Force စာသင်ကျောင်းတွေကိုဝင်ပြီး အရက်သောက် လက်နက်နဲ့ခြိမ်းခြောက်ကာ ဆရာ/ဆရာမများနဲ့ ကျောင်းသူ/သားတွေကို ဆန္ဒပြခိုင်းနေတဲ့ ပုံတွေ ထွက်ပေါ်လာပါတယ်" (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၅၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    PDF တွေက စာသင်ကျောင်းထဲဝင်ပြီး အရက်သောက်ကာ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းနေတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    ၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ PDF တွေ စာသင်ကျောင်းမှာ အရက်သောက်နေတဲ့ ပုံတွေ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့က ရေဦးမြို့နယ်မှာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေကို မတက်ဖို့ သရုပ်ဖော် ဆန္ဒပြစဉ်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်က စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြစဉ်က ဓါတ်ပုံတွေကို ဒီနေရာမှာ ကြည့်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီကို ထောက်ခံအားပေးရေးသားနေတာ တွေ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    fake newsold photosdemonstrationsMilitaryCoupeducationစစ်ကျွန်ပညာရေးသတင်းအမှားဓါတ်ပုံအဟောင်း
    Read Full Article
    Claim :   စာသင်ကျောင်းတွေကိုဝင်ပြီး အရက်သောက် လက်နက်နဲ့ခြိမ်းခြောက်ကာ ဆရာ/ဆရာမများနဲ့ ကျောင်းသူ/သားတွေကို ဆန္ဒပြခိုင်းနေတဲ့ ပုံတွေ ထွက်ပေါ်လာ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!