BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဇေယျာသော်ရဲ့ မိဘတွေနဲ့...
သတင်းအတု

ဇေယျာသော်ရဲ့ မိဘတွေနဲ့ ဇနီးဖြစ်သူတို့ သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေရဲ့ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ မိခင်၊ ဖခင်နဲ့ ဇနီးဖြစ်သူတို့ အသတ်ခံရတယ်ဆိုတဲ့ သတင်းအတုတွေ ဒီရက်ပိုင်းထဲပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  27 Oct 2022 5:53 PM IST
  • ဇေယျာသော်ရဲ့ မိဘတွေနဲ့ ဇနီးဖြစ်သူတို့ သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို MM News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၁၅ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ Video ကိုပြုလုပ်ရာမှာ MRTV က သတင်းကြေညာနေတဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံရဲ့ အပေါ်မှာ "ညက ဖြစ်သွားတာဗျာ။ ဇေယျာသော် အဖေနှင့် အမေ၊ မိန်းမ သတ်ဖြတ်ခံရ။ လေကကြီးက မတရားလိုက်တာဗျာ။ ထွက်ကြည့်တဲ့သူတိုင်းကို စစ်ခွေးတွေက သတ်ပစ်" (အသုံးအနှုန်း သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေါ်မှာ Like လုပ်ထားသူ ၇၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၇၀၀၀ ကျော်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၁၀၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကိုဖြိုးဇေယျာသော်ရဲ့ မိခင်၊ ဖခင် နဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ကိုဖြိုးဇေယျာသော်ရဲ့ ဇနီးဟာ စစ်ကောင်စီရဲ့ လွတ်မြောက်ရာနယ်မြေမှာ ရှိနေပြီး စစ်အာဏာသိမ်း အကြမ်းဖက်မှုတွေကို ဒီနေ့အထိ ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။ ကိုဖြိုးဇေယျာသော်ရဲ့ မိဘတွေကလည်း ဘေးကင်းစွာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခြင်း မရှိသလို မည်သည့် အဖွဲ့အစည်းကမှလည်း ပြောဆို ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လူအများဝင်ရောက်ကြည့်ရှု့အောင် လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။ Video ရဲ့ ခေါင်းစဉ်မှာ ကိုဖြိုးဇေယျာသော်ရဲ့ မိဘတွေနဲ့ ဇနီးဖြစ်သူ သတ်ဖြတ်ခံရတယ်လို့ ရေးထားပေမယ့် Video အတွင်းမှာ လူမှုကွန်ယက်ပေါ်က အကြောင်းအရာတွေကို Live လွှင့်ထားတဲ့ Video တစ်ပုဒ်ကို ပြန်လည်ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး YouTube နဲ့ Facebook ပေါ်ဖြန့်ဝေကာ ၎င်း video ကို ကြည့်ရှု့သူများလာတဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupkilledသတင်းအတုစစ်ကောင်စီအာဏာသိမ်းဖြိုးဇေယျာသော်
    Read Full Article
    Claim :   ဇေယျာသော် အဖေနှင့် အမေ၊ မိန်းမ သတ်ဖြတ်ခံရ။
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!