BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဂျိုးဖြူပိုက်လိုင်းကို လူငယ်တွေ...
သတင်းအတု

ဂျိုးဖြူပိုက်လိုင်းကို လူငယ်တွေ ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ဂျိုးဖြူရေပိုက်ကို ဆန္ဒပြပြည်သူတွေက ဖျက်ဆီးလိုက်တယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 May 2021 9:08 AM IST
  • ဂျိုးဖြူပိုက်လိုင်းကို လူငယ်တွေ ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို မေလ ၁၈ ရက်နေ့မှာ ရန်ကုန်သတင်းစုံ ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပြီး ၎င်းစတင် ဖြန့်ဝေခဲ့စဉ်က "NLD အစွန်းရောက်အကြမ်းဖက်များ ဂျိုးဖြူရေပိုက်လိုင်း ကွဲသွားတယ်။ ဒါဟာ ဆန္ဒပြတာမဟုတ်ဘူး။ ဖျက်ဆီးတာ။ စည်ပင်က ပြန်ပြင်တယ်ပဲထားဉီး။ ရေလိုင်းပိတ်ရမယ်။ အဲ့မှာ ရေမရရင် ဘယ်သူအရင် ဒုက္ခရောက်မလည်း စဉ်းစားကြပေါ့ဗျာ။ ဏ ကြီးနဲ့နိုင်နိုင် န ငယ်နဲ့နိုင်နိုင် လုပ်နေရင်တော့ ဘယ်သူတွေမှာ အကျိုးအပြစ်ပိုများမလည်း စဉ်းစားကြပေါ့…" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Min Htet ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက် ၁၁ နာရီ ၄၅ ပြန်တင်ထားပြီး ဆန္ဒပြပြည်သူတွေက ဖောက်ခွဲဖျက်ဆီးထားတယ်လို့ ထပ်မံဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ လူပေါင်းများစွာက အခုချိန်ထိ ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဆန္ဒပြလူငယ်တွေက ဂျိုးဖြူရေပိုက်တွေကို ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို အထင်မြင်လွဲစေဖို့ဖန်တီးထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    တကယ်တော့ အဆိုပါ ဓါတ်ပုံတွေဟာ ဧပြီလ ၆ ရက်နေ့က ရန်ကင်းနားမှာ ဂျိုးဖြူရေပိုက် သံချေးစားပြီး ကွဲထွက်က ရေတွေ စိမ့်ထွက်ခဲ့စဉ်က ဓါတ်ပုံတွေကို ပုံစံပြောင်းပြီး ဖြန့်ဝေထားတဲ့အကြောင်းအရာသာ ဖြစ်ပါတယ်။ ၎င်းရေပိုက် ပျက်တဲ့ နေရာကို စည်ပင်သာယာလက်အောက်ရှိ ရေရရှိရေးနဲ့ ရေပေးဝေရေး တာဝန်ခံ အဖွဲ့က သွားရောက် ပြုပြင်ခဲ့ပြီး ဧပြီလ ၇ ရက်နေ့မှာ ပြုပြင်လို့ ပြီးသွားခဲ့ပါတယ်။

    ၎င်းတို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေးသားဖော်ပြထားတာကို ဒီမှာ ဖတ်ပါ။





    Tags

    Fake newsyoung peopledestroyedJoe Phyu water pipelineCoup
    Read Full Article
    Claim :   ဆန္ဒပြ လူငယ်တွေက ဂျိုးဖြူရေပိုက်တွေကို ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!