BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နှစ်ရက်အတွင်း ရန်ကုန်မြို့‌...
သတင်းအတု

နှစ်ရက်အတွင်း ရန်ကုန်မြို့‌ ရေအောက်ရောက်မယ်ဆိုတာ မဟုတ်ပါ

မုန်တိုင်းကြောင့် ရန်ကုန်မြို့ ၂ ရက်အတွင်းရေအောက် ရောက်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ လူအများထိတ်လန့်စေဖို့ ရေးသားဖြန့်ဝေထားတဲ့ သတင်းတုတစ်ပုဒ် သတင်းအတုတစ်ပုဒ်ကို သတင်းတုသတင်းမှားတွေဖြန့်ဝေနေတဲ့ Page တစ်ခုက ဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  27 Aug 2022 7:56 AM IST
  • နှစ်ရက်အတွင်း ရန်ကုန်မြို့‌ ရေအောက်ရောက်မယ်ဆိုတာ မဟုတ်ပါ

    အဆိုပါ သတင်းအတုကို D&G Media ဆိုတဲ့ Page တစ်ခုက ဩဂုတ်လ ၂၃ ရက်နေ့မှာ ရေးသားထားတာဖြစ်ပြီး ၁၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ် တင်ထားပါတယ်။ အဆိုပါ Video ကို ဖန်တီးရာမှာ မိုးလေဝသ ကြေညာတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ "အရေးပေါ် မိုးလေမုန်တိုင်း အထူးသတင်း၊ ၂ ရက်အတွင်း ရန်ကုန်ရေအောက် ရောက်မည်။ ၁၀၀% သတင်းမှန်။ အရေးကြီးသည် တစ်ကမ္ဘာလုံး နီသွားပြီ ကပ်ဆိုးဆိုက်ပြီ။ ဘေးလွတ်ရာ ကုန်းမြင့် အမြန်ဆုံး ပြေးကြပါ" လို့ ရေးသားထားကာ ထိုသတင်းသည် ဂျင်းသတင်း မဟုတ်ကြောင်း အသက်မသေလိုလျှင် အမြန်ဆုံး ကြည့်လိုက်ပါ လို့ ဖော်ပြထားပါတယ်။ ၎င်း Video ကို လူမှုကွန်ယက်ပေါ် မျှဝေရာမှာ "August 23, အထူးအထူး အရေးပေါ်သတင်း အမြန်ဆုံး ကြည့်ကြပါ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၈၀၀ ကျော်နဲ့ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၁၈၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီရက်ပိုင်းအတွင်း မည်သည့်မုန်တိုင်းသတင်းမှ ကြေညာထားခြင်းမရှိသလို မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း ရန်ကုန်မှာ ဒီရက်ပိုင်းအတွင်း မိုးအသင့်အသင့် ထစ်ချုန်းရွာသွန်းမယ်လို့သာ ကြေညာထားခြင်း ရှိပါတယ်။ မုန်တိုင်းသတင်းတွေ မိုးလေဝသ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် သတင်းအမှားဖြန့်ထားတဲ့ Page က ၎င်းတို့ သတင်းမှာ ရန်ကုန်ကို မုန်တိုင်းဝင်ရောက်ပြီး တစ်မြို့လုံး ရေအောက်နှစ်မြုပ်တော့မယ်လို့ ရေးသားထားပေမယ့် ၎င်းတင်ထားတဲ့ Video အတွင်းမှာတော့ မုန်တိုင်းသတင်း လုံးဝမပါသလို ရန်ကုန်မြို့ ရေအောက် နှစ်မြုပ်မယ်ဆိုတာလည်း မပါဝင်ပါဘူး။ အဆိုပါ Video အတွင်းမှာတော့ စင်္ကာပူမှာ နေထိုင်တဲ့ မအိုင်ရင်း ဆိုသူရဲ့ ဖေ့စ်ဘွတ်ပေါ်က Video ကို ပြန်ယူပြီးတင်ထားပါတယ်။

    သတင်းအမှားဖြန့်တဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ခေါင်းစဉ်မှာ လိမ်ညာရေးသားကာ ဝင်ရောက်ကြည့်ရှု့သူများအောင် ပြုလုပ်ထားတဲ့ Click baits သတင်းတွေနဲ့ ဝင်ငွေရှာနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsYangonunderwaterHeavy stormClickbaitsသတင်းအတုမုန်တိုင်း
    Read Full Article
    Claim :   ၂ ရက်အတွင်း ရန်ကုန်ရေအောက် ရောက်မည်
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!