BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ရန်ကုန်မြို့ အသိမ်းခံရပြီး အခြေအနေ...
      သတင်းအတု

      ရန်ကုန်မြို့ အသိမ်းခံရပြီး အခြေအနေ ထိန်းမရတော့ဘူးဆိုတဲ့ သတင်းအတု

      ရန်ကုန်မြို့ အသိမ်းခံနေရပြီး အခြေအနေထိန်းမရတော့ဘူးလို့ ဖြန့်ထားတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  30 Aug 2023 11:28 AM IST
    • ရန်ကုန်မြို့ အသိမ်းခံရပြီး အခြေအနေ ထိန်းမရတော့ဘူးဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Shwe Fun ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ဓါတ်ပုံတစ်ပုံနဲ့ Website Link တစ်ခုကို ဖော်ပြထားပြီး “အားလုံးအတွက် အရေးကြီးသတင်းပါ” လို့ ရေးထားပါတယ်။ ၎င်း တင်ထားတဲ့ ဓါတ်ပုံထဲမှာတော့ ရန်ကုန်မြို့က မီးလောင်နေတဲ့တိုက်ခန်းပုံတွေ အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ရန်ကုန်အသိမ်းခံနေရပြီ။ အခြေအနေထိမ်းလို့ မရေတော့ဘူး။ အပြင်လုံးဝ မထွက်ကျပါနဲ့” (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖော်ပြထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ရန်ကုန်မြို့ အသိမ်းခံရပြီး ထိန်းမရတဲ့အခြေအနေ ရောက်ရှိနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ရန်ကုန်မြို့ကို မည်သည့်အဖွဲ့အစည်း ၊ မည်သူကမှ သိမ်းပိုက်ထားခြင်း မရှိသလို ထိန်းနိုင် သိမ်းမရ အခြေအနေကိုလည်း ရောက်ရှိနေခြင်း မရှိပါဘူး။ ရန်ကုန်မြို့ဟာ ပုံမှန်အတိုင်း လှည်ပါတ်နေဆဲဖြစ်ပြီး သတင်းအမှားဖြန့်သူတွေက ယခင် မီးဘေးအန္တရာယ်သင့်တဲ့ဖူးတဲ့ အိမ်၊ အဆောက်အဦးတစ်ချို့ရဲ့ ဓါတ်ပုံကို အသုံးပြုပြီး ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

      ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ Website အတွင်းမှာလည်း ရန်ကုန်မြို့ အသိမ်းခံရတယ်ဆိုတဲ့ သတင်းမပါဝင်ပါဘူး။ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ Page ကို စစ်ဆေးကြည့်တဲ့အခါမှာ ၎င်းတို့ပေးထားတဲ့ Website Link ကို Click နှိပ်ပြီး ဝင်ရောက်ကြည့်ရှုသူများအောင် ပြုလုပ်ထားကာ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေ ပြန်ရှာနေတဲ့ Clickbait သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsYangonout of controlMilitaryCoupClickbaitsစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   ရန်ကုန်အသိမ်းခံနေရပြီ။ အခြေအနေထိမ်းလို့ မရေတော့ဘူး။ အပြင်လုံးဝ မထွက်ကျပါနဲ့
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!