BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နပမ်းသမား John Cena...
သတင်းအတု

နပမ်းသမား John Cena ကိုရိုနာရောဂါနဲ့ ကွယ်လွန်တယ် ဆိုတဲ့ သတင်းအတု

WWE နပမ်းသမား ဂျွန်စီနာ Covid ရောဂါကူးစက်ပြီး ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းအမှားတွေပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  16 Aug 2021 5:28 PM IST
  • နပမ်းသမား John Cena ကိုရိုနာရောဂါနဲ့ ကွယ်လွန်တယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို TVA Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဩဂုတ်လ ၁၂ ရက်နေ့ ည ၉ နာရီ ၂၁ မိနစ်မှာ စတင်ထားတာ ဖြစ်ပြီး ၎င်းသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "WWE နပန်းသမား John Cena Covid-19ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်" လို့ ရေးထားပါတယ်။

    သတင်းရဲ့ အတွင်းပိုင်းမှာတော့ "John Cena သည် ပြီးခဲ့သောရက်သတ္တပတ်တည်းက Covid 19ရောဂါ ကူးစက်ခံစားနေခဲ့ရခြင်းဖြစ်သည်။ 11.8.2021 ညနေ ၆နာရီချိန်တွင် NewYork အထွေထွေဆေးရုံကြီး၌ ဆေးကုသမှုခံယူရင်း ရုတ်တရက် အောက်ဆီဂျင်ကျကာ နှလုံးရပ်တံ့ သေဆုံးသွားခဲ့သည်။ အဆိုပါ နပန်းသမားသည် WWEတွင်နာမည်ကြီးရုံသာမက Hollywood ရုပ်ရှင်များစွာတွင်လည်းပါဝင်ခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သော ရက်က ထွက်ခဲ့သည့် DC Super Hero ရုပ်ရှင်တစ်ကားဖြစ်သည့်် Suicide Squad 2တွင်လည်း အရေးကြီးသော ဇာတ်ကောင် နေရာမှ ပါဝင်ခဲ့သည်။ ယခုလိုJohn Cena ရုတ်တရက် သေဆုံးသွားခဲ့သည်မှာ ဟောလိဝုဒ်ရုပ်ရှင်လောကအတွက် နစ်နာစရာ တစ်ခုဖြစ်ခဲ့ပြီး ကျနော်တို့ TVA Channel Admin team မှလည်းများစွာစိတ်မကောင်းဖြစ်မိပါသည်" လို့ ရေးသားထားပြီး ၎င်း စာသားတွေနဲ့အတူ နာရေးအခမ်းအနား ပြုပြုနေတဲ့ ဓါတ်ပုံ ၆ ပုံတွဲတင်ထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    WWE နပမ်းသမား ဂျွန်ဆီနာဟာ ကိုရိုနာရောဂါနဲ့ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။၎င်းတို့ အသုံပြုထားတဲ့ ဓါတ်ပုံထဲမှာ WWE နပမ်းသမား The Rock က နာရေးအခမ်းအနားမှာ ပန်းစည်းချနေတဲ့ပုံပါဝင်ပြီး အဲ့ဒီပုံဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က ၎င်းဖခင်ရဲ့ ဈာပနာအခမ်းအနားက ဓါတ်ပုံအဟောင်းဖြစ်ပါတယ်။

    ဒါအပြင် အမေရိကန်အလံအုပ်ထားတဲ့ ဈာပနာအခမ်းအနားဓါတ်ပုံဟာ အမေရိကန် နိုင်ငံ ဒီမိုကရက်တစ် ပါတီက လူအခွင့်လှုပ်ရှားသူ John Lewis ရဲ့ ဈာပနာအခမ်းအနားက ဓါတ်ပုံ ဖြစ်ပါတယ်။

    ဒါ့အပြင် ၎င်းသတင်းအမှားထဲမှာ Italy နိုင်ငံက ဈာပနာအခမ်းအနားက ဓါတ်ပုံတွေ၊ တခြား သတင်းတွေမှာ အသုံးပြုခဲ့တဲ့ ဓါတ်ပုံတွေအပြင် ၂၀၁၅ ခုနှစ်က ထွက်ပေါ်ခဲ့တဲ့ ဂျွန်ဆီနာသေဆုံးသွားပြီဆိုတဲ့ သတင်းအမှားဖြန့်ဝေရာမှာ အသုံးပြုခဲ့တဲ့ ဓါတ်ပုံ အဟောင်းတစ်ပုံကိုလည်း ပြန်အသုံးပြုထားပါတယ်။

    ဂျွန်ဆီနာ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေဟာ နှစ်စဉ်လိုလို မကြာခဏ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဂျွန်ဆီနာကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ဩဂုတ်လ ၁၂ ရက်နေ့မှာ စဖြန့်ခဲ့တာကို တွေ့ရပြီး ၁၁ ရက်နေ့ ည ၆ နာရီမှာ သေဆုံးသွားတာ ဖြစ်တယ်လို့ သတင်းအမှားထဲမှာ ဖော်ပြထားပါတယ်။ ဂျွန်ဆီနာရဲ့ Twitter အကောင့်မှာလည်း ဒီနေ့အထိ စာတွေရေးသားပြီး တင်နေဆဲ ဖြစ်ပါတယ်။ ဂျွန်ဆီနာရဲ့ Twitter အကောင့်ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Fake newsthat WWE wrestlerJohn CenadeathCovid-19သတင်းအတုကိုရိုနာရောဂါ
    Read Full Article
    Claim :   WWE နပမ်းသမား ဂျွန်ဆီနာဟာ ကိုရိုနာရောဂါနဲ့ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!