BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်မှုထမ်းဖို့ အမျိုးသမီးတွေပါ...
သတင်းအတု

စစ်မှုထမ်းဖို့ အမျိုးသမီးတွေပါ ခေါ်နေပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအတွက် အမျိုးသမီးတွေပါ ခေါ်ယူနေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  1 Jun 2024 9:17 PM IST
  • စစ်မှုထမ်းဖို့ အမျိုးသမီးတွေပါ ခေါ်နေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Ye Min Khaung ဆိုတဲ့ Facebook အကောင့်က မေလ ၃၀ ရက်နေ့က လူများတဲ့ facebook Group တွေထဲမှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ “စပြီဟေ့ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ခေါ်ကုန်ပြီ” လို့ ရေးသားထားပါတယ်။ ၎င်းပိုစ့်ရဲ့ Comment ထဲမှာတော့ “အမှားခြစ်လေးတွေကို နှိပ်ဖျောက်ပြီး ကြည့်ပါ” လို့ ရေးသားကာ ဝင်ရောက်ကြည့်ရှု့ဖို့ Website တစ်ခုရဲ့ Link ကို ချထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူများစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအတွက် အမျိုးသမီးတွေပါ ခေါ်ယူနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ် link ကို ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီဟာ စစ်မှုထမ်း ဥပဒေကို အတင်းအကြပ်ပြဌာန်းပြီး လူငယ်တွေကို အဓ္ဓမ လူသစ်စုဆောင်းတာတွေ၊ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိနေပြီး အမျိုးသမီးတွေကိုတော့ လတ်တလော ခေါ်ယူဖို့ အစီအစဉ် မရှိသေးကြောင်း ထုတ်ပြန်ထားကာ ယခုအချိန်အထိ မိန်းကလေးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူခြင်း မရှိသေးပါဘူး။

    ဒါ့အပြင် သတင်းအမှားဖြန့်သူက ဝင်ရောက်ကြည့်ရှုဖို့ပြောထားတဲ့ Website link ထဲမှာလည်း အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ တစ်ခြား အကြောင်းအရာတွေ၊ တစ်ခြားသတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsmilitary serviceMilitaryCoupစစ်မှုထမ်းဥပဒေသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   စစ်မှုထမ်းဥပဒေအတွက် အမျိုးသမီးတွေပါ ခေါ်ယူနေ
    Claimed By :  Faecbook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!