BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဝီရသူကို...
      သတင်းအတု

      ဝီရသူကို သာသနာရေးဝန်ကြီးခန့်အပ်တယ်ဆိုတဲ့ သတင်းအတု

      NLD အစိုးရလက်ထက်မှာ ဖမ်းဆီးခံထားရပြီး အာဏာသိမ်းစစ်ကောင်စီက ပြန်လွတ်ပေးကာ ဆုတံဆိပ်တွေ ချီးမြှင့်ခံရတဲ့ မဘသ အမာခံ ဝီရသူကို သာသနာရေးဝန်ကြီးခန့်အပ်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  18 Jan 2023 5:27 PM IST
    • ဝီရသူကို သာသနာရေးဝန်ကြီးခန့်အပ်တယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို TepPon News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၅ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ခွဲ ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းရဲ့ ဓါတ်ပုံရယ်၊ ဝီရသူရဲ့ ဓါတ်ပုံရယ်ကို ပူးတွဲ ဖော်ပြထားပြီး သာသနာပျက်သုန်းပြီဖြစ်ကြောင်း ဝီရသူကို သာသနာရေးဝန်ကြီး ခန့်အပ်ထားကြောင်း ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “ဦးဝီရသူကို သာသနာရေးဝန်ကြီးခန့်အပ်” ဆိုတဲ့ ခေါင်းစဉ်ကို ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှ ကြည့်ပါ။ အဆိုပါ Video ကို like လုပ်ထားသူ ၁၃၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၅၇၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖော်ပြထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ဝီရသူကို သာသနာရေးဝန်ကြီးခန့်အပ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      စစ်ကောင်စီက ဝီရသူကို ဘွဲတံဆိပ်တွေ ဆုတံဆိပ်တွေ ပေးအပ်ခဲ့ပေမယ့် သာသနာရေးဝန်ကြီးရာထူးကိုတော့ ပေးအပ်ထားခြင်း မရှိပါဘူး။ လက်ရှိစစ်ကောင်စီရဲ့ သာသနာရေးဝန်ကြီးဟာ ဦးကိုကိုသာ ဖြစ်ပြီး လက်ရှိထိ စစ်ကောင်စီရဲ့ ပွဲတွေ အခမ်းအနားတွေ တက်ရောက်နေဆဲသာ ဖြစ်ပါတယ်။

      သတင်းအမှား Video ထဲမှာ ဝီရသူကို သာသနာရေးဝန်ကြီးခန့်ထားတယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် ဥဩရဲ့ “စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုးဘာသာ သာသနာ” ဆိုတဲ့ ဆောင်းပါးကိုသာ ဖော်ထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsWirathuMilitaryCoupClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်းဝီရသူ
      Read Full Article
      Claim :   ဝီရသူကို သာသနာရေးဝန်ကြီးခန့်အပ်
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!