BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဝေမိုးနိုင်အိမ်က...
သတင်းအတု

ဝေမိုးနိုင်အိမ်က လက်နက်တွေအဖြစ်ရေးသားထားတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ မုံရွာသပိတ်ခေါင်းဆောင်အိမ်မှာ လက်နက်တွေ သိမ်းဆည်းရမယ်တယ်ဆိုတဲ့ ဝါဒဖြန့် သတင်းအမှားတွေ လူမှုကွန်ရက်မှာ ပြန့်နှံ့လျက်ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  26 April 2021 2:04 PM IST
  • ဝေမိုးနိုင်အိမ်က လက်နက်တွေအဖြစ်ရေးသားထားတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ ဧပြီလ ၂၄ ရက်နေ့ခန့်မှာ စတင်ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ ဒီပို့စ်တွေထဲမှာ သေနတ်ပုံတွေ၊ လက်ပစ်ဗုံး ပုံတွေတင်ထားပြီး "မုံရွာ သပိတ်ခေါင်ဆောင်ဖြစ်သူ ဝေမိုးနိင်၏ အိမ်တွင် လက်ပြစ်ဗုံး (၂၂၃)လုံး၊ သေနပ်မျိုးစုံ (၃၄၀) လက် ရှာဖွေ သိမ်းစည်းရမိပြီး အခြားနေအိမ်များနင့် ဝေမိုးနိင်အပေါင်းပါများ သိုဝှက်ထားသော နေရာများအား ဆက်လက် ရှာဖွေ သိမ်းဆည်းသွားမယ်လို့သိရ" လို့ ရေးသားထားပါတယ်။

    ဒီသတင်းအမှားကို Opa Opa ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က We Love U Htay Aung ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲ ဖြန့်ဝေထားပြီး အဆိုပါ ပိုစ့်ကို Like လုပ်ထားသူ ၁၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၆၀၀ ကျော်ခန့် ရှိနေပြီး တခြား Acc တုပေါင်းများစွာနဲ့ ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အိမ်မှာ လက်နက်တွေ သိမ်းဆည်းရမိတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ အထောက်အထားအခိုင်အလုံနဲ့တင်ပြထားခြင်းမရှိသလို၊ ပို့စ်မှာပါဝင်တဲ့ဓါတ်ပုံတွေဟာလည်း အင်တာနက်က ရှာဖွေထားတဲ့ပုံတွေဖြစ်ပြီး ဝေမိုးနိုင်အိမ်မှာတွေ့ရှိတဲ့လက်နက်တွေဖြစ်ကြောင်း အထောက်အထားမပါဝင်ပါဘူး။

    ဓါတ်ပုံတွေမှာကြည့်ရင် သေနတ်နဲ့လက်ပစ်ဗုံးမျိုးစုံစုပုံထားတဲ့ပုံတွေပါဝင်ပြီး အာဏာသိမ်းစစ်ကောင်စီကသတင်းထုတ်ပြန်ချက်တွေထဲမှာလည်း အထက်ပါတွေမှာပါဝင်တဲ့ပမာဏဖမ်းဆီးရမိထားတာအျိူးလည်းမရှိသေးပါဘူး။ ဝေမိုးနိုင်အိမ်မှာလက်နက်တွေတွေ့တယ်ဆိုတဲ့ပို့စ်မှာပါဝင်တဲ့ပုံတွေဟာလည်း အမေရိကန်နိုင်ငံက လက်နက်မှုတစ်ခုက ပုံတွေဖြစ်ပါတယ်။
    ဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ထောင်ချီသိမ်းဆည်းမိမှုက ပုံတွေဖြစ်ပါတယ်။ မူရင်းသတင်းက ပုံတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။

    ကိုဝေမိုးနိုင်ဟာ မုံရွာမြို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ တက်ကြွစွာ ဆန္ဒပြနေတဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖမ်းခံရတဲ့အချိန်မှာ အိမ်စီးကားတစ်စီးနဲ့ တိုက်ပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုဝေမိုးနိုင်ရဲ့ မိခင် ဖြစ်သူကလည်း သားဖြစ်သူကို ဆေးကုသခွင့်ပေးဖို့ တောင်းဆိုနေသလို နိုင်ငံတကာ သံတမန်တွေရော၊ အဖွဲ့အစည်းတွေရော ပြည်သူတွေကပါ တောင်းဆိုနေကြပါတယ်။

    ဒီသတင်းအတု ဖြန့်ဝေသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီကို ထောက်ခံပြီး သတင်းအမှားတွေ ဆက်တိုက် တင်နေတဲ့ အကောင့်တစ်ခုဖြစ်တာတွေ့ရပါတယ်။

    Tags

    Fake newsweaponsMonywa strike leaderWai Moe NaingCoupမုံရွာသပိတ်ခေါင်းဆောင်ဝေမိုးနိုင်သတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အိမ်မှာ လက်နက်တွေ သိမ်းဆည်းရမိတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!