BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • 'ဝ' က ငွေစက္ကူရိုက်နှိပ်ထုတ်ဝေပြီ...
သတင်းအတု

'ဝ' က ငွေစက္ကူရိုက်နှိပ်ထုတ်ဝေပြီ ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ‘ဝ’ အထူးဒေသ ၂ နဲ့ ပက်သက်ပြီး သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  21 July 2020 1:00 PM IST
  • ဝ က ငွေစက္ကူရိုက်နှိပ်ထုတ်ဝေပြီ ဆိုတဲ့ သတင်းအတု

    ဒီရက်ပိုင်း အတွင်း 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ငွေစက္ကူတွေ ရိုက်နှိပ်နေပြီ ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။ အဲ့ဒီ သတင်းအမှားကို TAI History ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခု က ဂျူလိုင်လ ၂၀ ရက်နေ့ မနက် ၉ နာရီ ၈ မိနစ်မှာ တင်ထားတာဖြစ်ပြီး အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဝ က ငွေစက္ကူရိုက်နှိပ်ထုတ်ဝေပါပြီ" လို့ ရေးသားထားပါတယ်။

    သတင်းရဲ့ အတွင်းပိုင်းမှာတော့ "တရုတ်ဘဏ်မှာ ရွှေအပေါင်ထားပြီး ငွေလဲလှယ်မှု့မှာ ဝ ငွေ ၁၀၀ တန်တစ်ရွက်ဟာ မြန်မာငွေ ၂၀၀၀၀ကျပ်နဲ့ ညီမျှတယ်လို့သတ်မှတ်သတဲ့။ ဝ ဟာ ရှမ်းပြည်နယ်ထဲကတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုသာဖြစ်ပြီး ပြည်နယ်အဆင့်တောင်မရှိပါဘဲ... ကိုယ်ပိုင်စစ်တပ် ရဲတွေဖွဲ့စည်းထားပြီး တရုတ်ဘာသာ ဝ ဘာသာကိုပဲသုံးတယ် ။ မြန်မာအစိုးရ ဝန်ထမ်း တစ်ယောက်မှ အဝင်မခံဘူး ။ ခန့်ထားတာဝန်ချထားလို့မရဘူး။ မြန်မာစစ်တပ် တပ်မှူး တိုင်းမှူးတွေဟာ ကြိုတင်အကြောင်းကြားသဘောတူညီမှု့မရှိပဲ သွားလာလို့မရဘူး။ အခု ငွေစက္ကူပါထုတ်နေပြီ" စသည်ဖြင့်ထည့်သွင်း ရေးသားဖြန့်ဝေထားပါတယ်။

    ၎င်းသတင်းအမှားနဲ့ အတူ Photoshop နဲ့လုပ်ကြံ ဖန်တီးထားတဲ့ ငွေစက္ကူ ဒီဇိုင်း ဓါတ်ပုံတွေလည်း တင်ထားပါတယ်။ အဲ့ဒီ ငွေ စက္ကူ ဒီဇိုင်းထဲမှာ 'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း ရဲ့ ဓါတ်ပုံကို ထည့်သွင်းဖော်ပြထားပြီး ၎င်းပိုက်ဆံပေါ်မှာ Government Wa ဆိုတဲ့ စာသားနဲ့ United Wa State Army ဆိုတဲ့ စာသားကို ရေးသားထားပါတယ်။ ပိုက်ဆံတွေရဲ့ အစ အက္ခရာ နံပါတ်အစမှာ WA ဆိုတဲ့ စကားလုံးနဲ့ စထားပြီး အနောက်မှာ ကိန်းဂဏာန်းတွေကို ဖော်ပြထားပါတယ်။

    အဆိုပါ သတင်းအမှားကို TAI History ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ လူပေါင်း ၄၂၀၀ ကျော်က ထပ်ဆင့်ဝေမျှထားပြီး တခြား ဖေ့စ့်ဘွတ်အကောင့်တွေ ပေ့ချ်တွေကနေလည်း ထပ်မံဝေမျှနေကြဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    TAI Histoty ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ 'ဝ' အထူးဒေသ က ငွေစက္ကူရိုက်နှိပ် ထုတ်ဝေပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ 'ဝ' ပြည်နယ် ပြင်ပဆက်ဆံရေးရုံးက တာဝန်ခံ ဦးညီရန်း ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ဒါဟာ သတင်းအမှား တစ်ပုဒ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး "ဒီသတင်းဟာ လုံးဝ မဟုတ်ပါဘူး။ ဒီဟာက ကောလဟာလ သတင်းတွေပါ။ ပြီးတော့ တိုင်းရင်းသား အဖွဲ့အစည်း အချင်းချင်း ကြားမှာ တိုက်ခိုက်တာမျိုး ရည်ရွယ်ချက်ရှိရှိ ပုံရိပ်ကျဆင်းအောင် ရေးနေကြတာတွေပါ။ ကျွန်တော်တို့ ပိုက်ဆံထုတ်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ သူတို့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဖြန့်လဲဆိုတာတော့ ကျွန်တော်တို့က မသိဘူးပေါ့နော်။ ဒါပေမယ့် ဒါမျိုးရေးတာ အခုမှလည်း မဟုတ်ဘူး။ ဒီသတင်းက အရင်ကလည်း တက်နေတယ်ပေါ့နော်။ အရင်ကတည်းကလည်း ပုံစံတွေ အမျိုးမျိုးလုပ်ပြီးမှ ပေါက်ကရတွေ လျှောက်ဖြန့်နေတာ။ အဓိက ကတော့ တချို့အဖွဲ့အစည်းတွေ ဒါမှ မဟုတ်ဘူးဆိုရင် အစိုးရနဲ့ ကျွန်တော်တို့ 'ဝ' တွေ ကြားမှာ ရန်တိုက်ပေးနေတဲ့ လှုံ့ဆော်နေတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ငွေစက္ကူထုတ်ဖို့ အကြောင်း မရှိပါဘူး။ လုပ်လည်း မလုပ်ပါဘူး" လို့ ဦးညီရန်းက Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

    ဒါ့အပြင် ဒီ သတင်းအမှားဟာ လူမှုကွန်ယက်ပေါ်မှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကာလ ကလည်း ပျံနှံ့ခဲ့သေးပြီး ပြီး ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့လည်း မကြာခဏ ပြန်လည် ဖြန့်ဝေလေ့ရှိပါတယ်။

    အဆိုပါ ဖြန့်ဝေမှု အကြောင်းကို ၂၀၁၈ ခုနှစ်က BBC သတင်းမှာ ဖတ်ရှု့နိုင်ပါတယ်။




    Tags

    Fake newsWUSUprinting moneyသတင်းအတု
    Read Full Article
    Claim :   TAI Histoty ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ ‘ဝ’ အထူးဒေသ က ငွေစက္ကူရိုက်နှိပ် ထုတ်ဝေပြီဆိုတဲ့ သတင်းကို Boom Myanmar က ‘ဝ’ ပြည်နယ် ပြင်ပဆက်ဆံရေးရုံးက တာဝန်ခံ ဦးညီရန်း ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!