BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • US စစ်သား ၅ သိန်း မြန်မာပို့ဖို့...
သတင်းအတု

US စစ်သား ၅ သိန်း မြန်မာပို့ဖို့ အမေရိကန် သမ္မတဆုံးဖြတ်တယ်ဆိုတဲ့ သတင်းအတု

US စစ်သား ၅ သိန်း မြန်မာပို့ဖို့ အမေရိကန် သမ္မတဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Nov 2022 4:37 PM IST
  • US စစ်သား ၅ သိန်း မြန်မာပို့ဖို့ အမေရိကန် သမ္မတဆုံးဖြတ်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Shristi Bhavalakar ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ ၎င်း Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ အမေရိကန် သမ္မတ ဂျိုးဘိုက်ဒန်ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ " ၁၆ ရက်နေ့ မြန်မာအရေး သမ္မတကြီး ခေါင်းခဲပြီ။ US စစ်သား ၅ သိန်း မြန်မာကို ပို့ဖို့ ဆုံးဖြတ်" လို့ ရေးသားထားပါတယ်။

    ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ "မြန်မာအရေး US သမ္မတကြီး ခေါင်းခဲပီ" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၁၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၉၀၀ ကျော်ရှိကာ ဝင်ရောက်ကြည့်ရှု့ထားသူ ၃ သိန်းခွဲကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    US စစ်သား ၅ သိန်း မြန်မာနိုင်ငံကို ပို့ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန်က ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်က စစ်သားတစ်ဦးတစ်ယောက်မှ ပို့ဆောင်ပေးခြင်း မရှိသလို စစ်သား ၅ သိန်းပို့မယ်လို့လည်း ပြောကြားထားခြင်း မရှိပါဘူး။ ဒီသတင်းအတုဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်မှာ လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။

    ဒါ့အပြင် အမေရိကန် သမ္မတက စစ်သာ ၅ သိန်း မြန်မာပြည်ကို ပို့ပေးမယ်လို့ Video ပေါ်မှာ ရေးသားထားပေမယ့် ၎င်း Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာတော့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးအကြောင်း ပြောထားတဲ့ သတင်းတစ်ပုဒ်က နောက်ခံအသံကို အသုံးပြုထားတာ ဖြစ်ပါတယ်။

    အဆိုပါ သတင်းထဲမှာ အမေရိကန်က စစ်သား ၅ သိန်းပို့မယ်ဆိုတဲ့ အကြောင်းအရာ တစ်ခုမှ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေကို လိမ်ညာရေးသားထားတဲ့ Clickbaits သတင်းတွေ ဖြန့်ကာ ဝင်ငွေရှာနေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupအာဏာသိမ်းစစ်ကောင်စီသတင်းအတုClickbaits
    Read Full Article
    Claim :   US စစ်သား ၅ သိန်း မြန်မာပို့ဖို့ အမေရိကန် သမ္မတဆုံးဖြတ်
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!