BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သံအမတ်ကြီးဦးကျော်မိုးထွန်း...
သတင်းအတု

သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆိုမှုကြောင့် မြန်မာအတွက် R2P အကူအညီရပြီဆိုတဲ့ သတင်းအတု

အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ခဲ့တဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂက R2P အကူအညီပေးဖို့ အတည်ပြုတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Jan 2023 2:49 PM IST
  • သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆိုမှုကြောင့် မြန်မာအတွက် R2P အကူအညီရပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Krovan Kamsan ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၇ မိနစ်ခွဲခန့်ကြာမြင့်တဲ့ video တစ်ပုဒ်နဲ့ တွဲတင်ထားတာပါ။ Video ရဲ့ နောက်ခံဓာတ်ပုံပေါ်မှာ NUG အစိုးရ ကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ဓာတ်ပုံရယ် ကုလသမဂ္ဂ အစည်းအဝေးက ဓာတ်ပုံတစ်ပုံရယ်ကို ပူးတွဲဖော်ပြထားပြီး ဓာတ်ပုံအပေါ်မှာ “၂၆ ရက်နေ့ အထူးသတင်းကောင်းဗျို့၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုမှု ကုလ အတည်ပြုလက်ခံပြီ။ R2P အကူအညီရပြီ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “NUG က ကုလထံ R2P အကူအညီရပြီဟေ့” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၃၆၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၆၄၀၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂထံက R2P အကူအညီရရှိပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီ အာဏာသိမ်းစဉ်ကာလထဲက မြန်မာနိုင်ငံကို ကုလသမဂ္ဂအနေနဲ့ R2P ဝင်ရောက်ကာ အရေးယူပေးဖို့ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပေမယ့် မရရှိခဲ့ပါဘူး။ လက်ရှိထိလည်း တောင်းဆိုနေကြပေမယ့် ရရှိလာခြင်း မရှိပါဘူး။

    သတင်းအမှား Video ထဲမှာ မြန်မာနိုင်ငံအတွက် R2P အကူအညီ ရရှိပြီလို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာတော့ ဦးကျော်မိုးထွန်းက R2P အကူအညီပေးဖို့ UN ကို တောင်းဆိုထားတဲ့ သတင်းနဲ့ တစ်ခြားအကြောင်းအရာတွေသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsUnited NationsR2P actionMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆိုမှု ကုလ အတည်ပြုလက်ခံပြီ။ R2P အကူအညီရပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!