BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရခိုင်မှာ...
သတင်းအတု

ရခိုင်မှာ စပါးရိတ်သိမ်းခြွေလှေ့စက်နဲ့ စပါးတွေကို ULA/AA က မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က မွတ်စလင် ကျေးရွာတစ်ခုအနီးက တလင်းပြင်မှာ စုပုံထားတဲ့ ကောက်လှိုင်းစည်း တစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ငွေးကြေးပေးဆောင်မှု နည်းလို့ ပြုလုပ်ခဲ့တာ ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  9 Jan 2022 1:06 PM IST
  • ရခိုင်မှာ စပါးရိတ်သိမ်းခြွေလှေ့စက်နဲ့ စပါးတွေကို ULA/AA က မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို Arakan Anonymous Reporters Network ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၉ နာရီ ၂၁ မိနစ်မှာ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ငွေကြေးပေးဆောင်မှု နည်းပါး၍ စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် စပါးများကို ULA/AA မှ မီးရှို့ဖျက်ဆီး" လို့ ရေးထားပြီး ၎င်းသတင်းအမှားရဲ့ အတွင်းမှာ "ULA/AA နှင့် ဗမာစစ်တပ်တို့အကြား နှစ်ဖက်ညှိနှိုင်းမှုကြောင့် အပစ်ရပ်ထားသည့် ကာလတွင် ပြည်သူများ အနေဖြင့် လုံခြုံရေးအရ ယုံကြည်စိတ်ချရသဖြင့် လယ်ယာစိုက်ပျိုးခဲ့ကြပြီး စပါးရင့်မှည့် ရိတ်သိမ်းချိန်တွင် စပါးရိတ်သိမ်း ခြွေလှေ့စက်ကို တဧက ငွေကျပ် ၆၀၀၀၀ ဖြင့် ငှါးရမ်းရိတ်သိမ်းခဲ့ကြသည်။ ထိုစပါး ရိတ်သိမ်းသည့် စက်ပိုင်ရှင်ထံမှ တဧကလျှင် ငွေကျပ် ၆၅၀၀ ကို ULA ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ကောက်ခံရာ ငွေကြေး အပြည့်အဝ မရရှိသဖြင့် မြောက်ဦးမြို့ ထိပ်ဝပြင်ကျေးရွာတွင် စပါးရိတ်သိမ်းခြွေလှေ့စက် နှစ်လုံးအား မြောင်းဘွေကျေးရွာရှိ ULA/AA လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့ ပူးပေါင်း မီးရှို့ခဲ့ပြီး စပါးရိတ်သိမ်းခြွေလှေ့စက် နှစ်လုံးအား စောင့်ကြပ်ကြည့်ရှုသူ နှစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း အမည်မဖော်လိုသူ ဒေသခံတဦးမှပြောသည်…." (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။အဆိုပါ Arakan Anonymous Reporters Network ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က တင်ထားတဲ့ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူတွေ ရှိသလို ကူးယူဖော်ပြနေသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ငွေကြေးပေးဆောင်မှု နည်းလို့ စပါးရိတ်သိမ်းခြွေလှေ့စက်နဲ့ စပါးတွေကို ULA/AA က မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဆူပူမှုဖြစ်အောင့် လှုံ့ဆော်ထားတဲ့ သတင်းအမှားသက်သက် ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ စပါးတွေ မီးရှို့ခံရမှုဟာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ နဂရာပြင်(မွတ်ဆလင်)ကျေးရွာက မွတ်စလင် လယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ စပါးကောက်လိုင်စည်း ပေါင်း ၁၀၀၀ ကျော်ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့ ညည့်အချိန်မှာ အမည်မသိသူ တစ်ဖွဲ့က မီးရှို့ဖျက်ဆီး ခဲ့တာ ဖြစ်ပါတယ်။ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့မှန်း မသိရပေမယ့် သံသယရှိသူတွေကို ULA/ AA က ခေါ်ယူစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

    ၎င်း မီးရှို့ခံရတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA တို့ အပစ်ခတ်ရပ်ထားတဲ့ ၁ နှစ်ကျော်ကာလ အတွင်းမှာ အုပ်ချုပ်ရေးကို စစ်ကောင်စီနဲ့ AA တို့ အားပြိုင် နေရာယူနေကြပြီး လူမျိုးရေး ပဋိပက္ခကို ဦးတည်စေတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ထွက်ပေါ်လာတဲ့အတွက် ဆင်ချင်သတိထားသင့်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA က ထုတ်ပြန်ထားပါတယ်။

    AA ရဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဒီဇင်ဘာလ အတွင်းမှာ လူမျိုးရေး ပဋိပက္ခကို ဦးတည်စေနိုင်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက် တွေ့နေရကြောင်း၊ ဒီဇင်ဘာလ ၉ ရက် နေ့ကနေ ၁၄ ရက်နေ့အတွင်း မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ စပါးရိတ်သိမ်း ခြွေ့လှည့်စက် ၂ လုံးအား ရည်ရွယ်ချက်ရှိရှိနဲ့ ညည့်အချိန်မှာ မီးရှို့ဖျက်စီးခြင်း၊ မြောက်ဦးမြို့နယ် လောင်ကြက်ကျေးရွာ အနီးရှိ ရိတ်သိမ်းပြီးစုပုံထားတဲ့ စပါးစည်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့ဖျက်ဆီးခြင်း၊ ကျောက်တော်မြို့နယ် တောင်ဘွယ်ကျေးရွာအနီးက ရခိုင်အမျိုးသမီးတစ်ဦးကို မွတ်ဆလင် ၂ ဦးက မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှုပြုခြင်း တို့ဖြစ်ခဲ့ပြီး ဂွမြို့ ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလတန်းလွန်ကျောင်းကို မီးရှို့ခြင်း၊ ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာက လယ်သမား ၃ ဦးပိုင်ဆိုင်တဲ့ ရိတ်သိမ်းပြီးစပါးတွေကို ရည်ရွယ်ချက်ရှိရှိဖြင့် မီးရှို့ဖျက်စီးခဲ့တဲ့ ဖြစ်စဉ်တွေအပြင် တခြားသောဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၀ ရက်နေ့ ညည့်အချိန်မှာ မြောက်ဦးမြို့နယ်၊ မုချာကျေးရွာက လယ်သမားတစ်ဦးပိုင်ဆိုင်တဲ့ နွား ၅ ကောင် ဓားခုတ်ခံခဲ့ရမှု၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကံန္ဒား မူဆလင်ကျေးရွာက စပါးကောက်လိုင်းစည်းပုံနှစ်ပုံလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ ညအချိန်မှာ မီးရှို့ခံလိုက်ရတယ်လို့ ၎င်းထုတ်ပြန်ချက်ထဲ ဖော်ပြထားပြီး ၎င်းဖြစ်စဉ်တွေဟာ လူမျိုးရေး ပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ AA က သုံးသပ်မိကြောင်း ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ မီးဘေးအန္တရာယ်ကို ကာကွယ်ဖို့ မိမိတို့ ရပ်ရွာအတွင်း လူစိမ်းအဝင်အထွက်တွေကို သေချာ စောင့်ကြည့်ထားသင့်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် အနေနဲ့လည်း အဆိုပါ ဖြစ်စဉ်တွေကို သေချာစုံစမ်းပြီး ပြည်သူတွေကို အသက်စည်းစိမ်တွေကို ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    ULA/AA ရဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပါ။







    Tags

    Fake newsRakhine StateConflictULA / AAMilitaryburning paddy harvesters and paddyသတင်းအတုရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရက္ခိုင့်တပ်တော်လူမျိုးရေးပဋိပက္ခ
    Read Full Article
    Claim :   ငွေကြေးပေးဆောင်မှု နည်းပါး၍ စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် စပါးများကို ULA/AA မှ မီးရှို့ဖျက်ဆီး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!