BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • UEC နဲ့ NLD အကြံပေးတွေ ထွက်ပြေးဖို့...
      သတင်းအတု

      UEC နဲ့ NLD အကြံပေးတွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းအတု

      By - Boom Live Myanmar |
      Published -  10 Dec 2020 9:22 PM IST
    • UEC နဲ့ NLD အကြံပေးတွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို မင်းကိုကိုဦး ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီ ၅၇ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဆိုပါ သတင်းအမှားထဲမှာ "တပ်မတော်ရဲ့ရိုက်ချက်က ပြင်းထန်နေပါပြီ။ကြားသိရတဲ့ သတင်းကတော့ UEC အဖွဲ့ထဲက (၅)ဦး ပြေးဖို့ကြံစည်နေတယ် ဆိုတဲ့ သတင်း၊ ထိန်းထားပြီးလို့ သိရ။ ဦးနှောက်မရှိတာဘဲ၊ ဘယ်လိုပြေးလို့ လွှတ်မှာတဲ့လည်း" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပြီး NLD ပါတီက ငှားရမ်းထားတဲ့ အကြံပေး ပုဂ္ဂိုလ်တွေလည်း ပြန်ပြေးနေပြီး ပြည်တွင်းမှာ ၁၀ ယောက်လောက်သာ ကျန်တော့တယ်လို့ ရေးသားထားပါတယ်။

      ဒါ့အပြင် ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆယ်စုနှစ် ၃ ခုနီးပါး တိုက်ခိုက်လာခဲ့တဲ့ စကားလုံး အသုံးအနှုန်းတွေဖြစ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေကိုလည်း သုံးနှုန်းရေးသားထားပါတယ်။

      အဲ့ဒီ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ အတိုင်ပင်ခံ ၊ UEC နဲ့ အစိုးရ အဖွဲ့ဝင်တွေ ခေါင်းချင်းဆိုင် ပြီး ဆင်ကြံ ကြံနေတယ်လို့ ရေးထားပြီး တပ်မတော်ကတော့ အိမ်စောင့် အစိုးရ ဖွဲ့ပြီးပြီလို့လည်း ရေးသားထားပါတယ်။

      မူရင်းရေးသားမှု အပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

      အဆိုပါ သတင်းအမှားကို မင်းကိုကိုဦး ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ Like လုပ်ထားသူ ၁၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၅၀၀ ကျော် ရှိနေပြီး ကူးယူ ဖော်ပြသူများလည်း ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ UEC နဲ့ NLD အကြံပေးတွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ပထမပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေကို အခြေခံပြီး ထပ်မံဖြန့်ဝေထားတာကို တွေ့ရပါတယ်။

      ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ NLD ပါတီက နိုင်ငံခြားသား အကြံပေး ၉၀ ကျော်ငှားရမ်းထားပြီး လစဉ်ငွေကျပ် သန်းပေါင်းများစွာ သုံးစွဲနေတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံခြားသား အကြံပေးတွေ လုံးဝ ငှားရမ်းထားခြင်း မရှိဘူးလို့ အတည်ပြုထားပါတယ်။

      လက်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အကြံပေးပုဂ္ဂိုလ် ၄ ဦး ခန့်အပ်ထားပြီး ဥပဒေဆိုင်ရာ အငြိမ်းစား ဝန်ထမ်း ကို ဥပဒေရေးရာ အကြံပေး၊ နိုင်ငံခြားရေးရာအငြိမ်းစား ဝန်ထမ်းတစ်ဦးကို နယ်စပ်ဆိုင်ရာ အကြံပေး နဲ့ ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီးဟောင်း တစ်ဦးကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ထားတယ်လို့ ဦးဇော်ဌေးက အောက်တိုဘာလ အလယ်ပိုင်းလောက်မှာ အတည်ပြု ပြောကြားထားပါတယ်။

      အဆိုပါ နိုင်ငံခြားသား အကြံပေးတွေ ခန့်ထားတယ် ဆိုတဲ့ သတင်းအမှားဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာရော မဲစာရင်းတွေ ရေတွက်ပြီးတဲ့ အချိန်မှာပါ အကြိမ်ပေါင်းများစွာ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတစ်ပုဒ် ဖြစ်ပါတယ်။


      ဒါ့ အပြင် ဒီရက်ပိုင်း အတွင်းမှာ UEC အဖွဲ့ဝင်တွေ နုတ်ထွက်တယ် ဆိုတဲ့ သတင်းအမှားတွေလည်း ဆက်တိုက် ထွက်ပေါ်ခဲ့သလို့ UEC က မဲ မသမာမှု လုပ်ခဲ့တယ် ဆိုတဲ့ သတင်းအမှားတွေလည်း ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ အခု သတင်းအမှားဟာလည်း ပထမ ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေ အပေါ် အခြေခံပြီး ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။


      Tags

      Fake newsUECNLD advisersfleeingသတင်းအတုနိုင်ငံခြားသားအကြံပေး
      Read Full Article
      Claim :   လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေထားတဲ့ UEC နဲ့ NLD အကြံပေးတွေ ထွက်ပြေးဖို့ ကြံနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!