BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဦးသိန်းစိန် သမ္မတပြန်ဖြစ်ပြီး...
      သတင်းအတု

      ဦးသိန်းစိန် သမ္မတပြန်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် ဖြုတ်ချခံရတယ် ဆိုတဲ့ သတင်းအတု

      နိုင်ငံတကာဖိအားတချို့နဲ့ ၊ သံတမန်ရေးရာဆက်သွယ်မှုတချို့နောက်ပိုင်းမှာ သမ္မတဟောင်း ဦးသိန်းစိန် သမ္မတရာထူးကို ပြန်လည်ရရှိပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရာထူးက ဖြုတ်ချလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  8 May 2023 7:55 AM IST
    • ဦးသိန်းစိန် သမ္မတပြန်ဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင် ဖြုတ်ချခံရတယ် ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Queen 85 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၅ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ Video သတင်းပုံစံမျိုး ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ ခေါင်းစဉ်ပုံမှာတော့ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ မင်းအောင်လှိုင်တို့ ပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “ဦးသိန်းစိန် သမ္မတပြန်ဖြစ်၊ မအလ ဖြုတ်ချခံရ၊ တပ်တွင်း အာဏာသိမ်းမှုကြီး” စတဲ့စကားလုံးတွေနဲ့ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါ ခေါင်းစဉ်အတိုင်း ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

      အဆိုပါ Video ကို like လုပ်ထားသူ ၂၅၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှိထားသူ ၇ သောင်းကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ကူးယူဖော်ပြထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      တကယ်တော့ဒီအကြောင်းအရာဟာ လက်ရှိကာလထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ အခင်းအကျင်းတွေကို လေ့လာရုံနဲ့ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာမျိုးဖြစ်တာကိုသိနိုင်ပါတယ်။ စစ်ကောင်စီဖက်က မီဒီယာတွေနဲ့ တော်လှန်ရေးသတင်းတွေရေးသားနေတဲ့ မီဒီယာတွေကိုစောင့်ကြည့်လေ့လာစောင့်ကြည့်ရုံနဲ့ ဒီလို အခြေအနေမျိုးနဲ့ပတ်သက်တဲ့ သတင်းတွေမရှိခဲ့တာကို သိနိုင်ပါတယ်။

      ဦးသိန်းစိန် ဟာ သမ္မတ ပြန်ဖြစ်ခြင်းလည်းမရှိသလို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ရာထူးက ဖြုတ်ချထားခြင်းလည်း မရှိပါဘူး။ဒီအကြောင်းအရာဟာ မကြာသေးခင်က စစ်ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ သန်းရွှေနဲ့ ဦးသိန်းစိန်တို့ မင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့ပုံတွေ လူထုရှေ့ထွက်ပေါ်လာပြီးနောက်ပိုင်း လုပ်ကြံဖန်တီးထေားတဲ့ အကြောင်းအရာသက်သက်သာဖြစ်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။


      Tags

      Fake NewsMilitaryCoupChinaJuntaClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   ဦးသိန်းစိန် သမ္မတပြန်ဖြစ်၊ မအလ ဖြုတ်ချခံရ၊ တပ်တွင်း အာဏာသိမ်းမှုကြီး
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!