BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီ ယာယီသမ္မတဦးမြင့်ဆွေ...
သတင်းအတု

စစ်ကောင်စီ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  18 Jun 2024 8:17 PM IST
  • စစ်ကောင်စီ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုဟာ ဇွန်လ ၁၇ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတာ ဖြစ်ပြီး စစ်ကောင်စီက ခန့်အပ်ထားတဲ့ ယာယီ သမ္မတဦး မြင့်ဆွေ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်ကြောင်း “ဒုတိယ သမ္မတ ဦးမြင့်ဆွေ သေဆုံး။ နောက် ၆ လ သက်တမ်းတိုးရန် ကာလုံ ကို ဘယ်သူခေါ်မလည်း ဒုသမ္မတ မရှိပဲ ကာလုံ ဘယ်လိုခေါ်မာလည်း သိချင်သာပဲ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်အကောင့်များစွာက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။

    စစ်ကောင်စီလက်အောက်ခံ ယာယီသမ္မတ ဦးမြင့်ဆွေဟာ နာမကျန်းဖြစ်နေပြီး ဆေးကုသမှု ခံယူနေရတယ်လို့ စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းနဲ့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားကြပါတယ်။ လက်ရှိအချိန်ထိ သေဆုံးခြင်း မရှိသေးကြောင်း ဆေးကုသမှု ခံယူနေဆဲသာ ဖြစ်ကြောင်း စစ်တပ်နောက်ခံ မီဒီယာတွေမှာလည်း ဖော်ပြထားကြပါတယ်။

    ဒါပေမယ့် လက်ရှိအချိန်ထိ ပြင်ပက တိကျတဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးဘဲ စစ်တပ်က ဖော်ပြတဲ့ သတင်းသာ ရရှိတဲ့အတွက် မည်သည့်နေရာမှာ ဆေးကုသနေပြီး ကျန်းမာရေးအခြေအနေ မည်မျှ ရှိကြောင်း သိရှိနိုင်ခြင်း မရှိသေးပါဘူး။

    စစ်တပ်ထောက်ခံသူ ချန်နယ်တွေက ဖော်ပြချက်အရသာ သေဆုံးခြင်း မရှိသေးကြောင်းနဲ့ စစ်တပ်အသိုင်းအဝိုင်းကလည်း ဆေးကုသနေကြောင်း ဖော်ပြချက်သာ သိရှိရပြီး ခေတ်သစ် သတင်းဌာနမှာလည်း အဆိုပါ အတိုင်းသာ ဖော်ပြထားပါတယ်။

    Tags

    Fake newsU Myint Swethe president of the Military CouncildiedMilitaryCoupသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   ဒုတိယ သမ္မတ ဦးမြင့်ဆွေ သေဆုံး
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!