BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်ကြောင့်...
သတင်းအတု

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်ကြောင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် ရပြီဆိုတဲ့ သတင်းအတု

၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်ကြောင့် ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ လူငယ်နှစ်ဦးကို ထိုင်းဘုရင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2022 7:09 PM IST
  • လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်ကြောင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် ရပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဩဂုတ်လ ၂၈ ရက်နေ့က လူမှုကွန်ယက်ပေါ် ဖြန့်ဝေလာကြတာဖြစ်ပြီး ၎င်းသတင်းအတုထဲမှာ "၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံနီရရေ(ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း)နှစ်ဦးကို/ သီဒါဏ်အမိန့်ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ေပဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေးလိုက်ပါသည်။ ထိုင်းဘုရင်ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာရေးသားချက်များကို ထိုင်းဘုရင် သိရှိတွိ့ရှိရပြီးနောက် လူသားချင်းစာဏာကာ အိမ်နီးချင်းကောင်းပီသစွာပြသခြင်းဖြင့် အမှုကို ရုပ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပီးရန် ထိုင်ရဲတပ်ဖွဲ့ကို ထိုင်းဘုရင်မင်းမြတ် အမိန့်ပီး လိုက်ပြီ ဖြစ်ပါကြောင်း။ လူသတ်မှုမှာစွပ်စွဲခံထားရသူ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို နစ်နာကြေး ဒေါ်လာ (၂)သန်း လျှော်ကြေးဖြတ်ပြီး ထိုင်းနိုင်ငံအစိုးရမှ လျှော်ကြေးပီးဆောင်လားမည်ဖြစ်ပါကြောင်း" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်ပေါ် လူပေါင်းထောင်ချီက လူမှုကွန်ယက်ပေါ် ထပ်ဆင့်ဖြန့်ဝေခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကြောင့် ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ဝင်း နဲ့ ဇော် နှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးပြီး နစ်နာကြေး ဒေါ်လာ ၂ သန်း ထိုင်းအစိုးရက ပေးမယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    လိပ်ကျွန်းလူသတ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ ဝင်းနဲ့ ဇော်တို့ကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဦးထူးချစ်က ဒီအကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးသားထားပါတယ်။

    ဦးထူးချစ်က ဝင်း နဲ့ ဇော်တို့ဟာ နှစ်စဉ်သတင်းအမှားဖြန့်ခံရလေ့ရှိကြောင်း ၎င်းတို့ ၂ ဦးကို ထောင်ဝင်စာတွေ့ဖို့ အဆိုပါ အဖွဲ့အစည်းက ကြိုးစားနေကြောင်း၊ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ကိုဗစ်ရောဂါကြောင့် ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားလို့ Online က ထောင်ဝင်စာတွေ့ဖို့ ကြိုးစားပေးခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ အနေနဲ့ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာတွေကို ဆက်သွယ်ပြီး ဝင်းနဲ့ ဇော်တို့ရဲ့ မိခင်တွေကို ခေါ်ဆောင်ပြီး ထိုင်းနိုင်ငံကို ထောင်ဝင်စာလာရောက်တွေ့ဆုံနိင်ဖို့ ဆက်သွယ် ဆောင်ရွက်နေကြောင်း၊ ၁၃ ရက် ၈ လ ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လျှော့ရက်ခံစားခွင့်တွေကို ဝင်းနဲ့ ဇော် ၂ ဦး အကျိုးခံစားခွင့် ရ၊ မရ မသိရှိရသေးကြောင်း၊ ဝင်းနဲ့ ဇော်တို့ ၂ ဦးဟာ ထောင်ထဲမှာ စည်းကမ်းတွေနဲ့အညီ နေထိုင်ခဲ့တဲ့အတွက် လျှော့ရက်တွေ ရနိုင်ကြောင်း ၎င်းတို့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေထံက သိရကြောင်း ရေးသားထားပါတယ်။


    ဒါ့အပြင် လူမှု့ကွန်ယက်ပေါ် ပြန့်နှံ့နေခဲ့တဲ့ လိပ်ကျွန်းလူသတ်မူကြောင့် တစ်သက်တစ်ကျွန်း ကျခံနေရသည့် "ဝင်းနှင့်ဇော်" သည် ထောင်မှလွတ်မြောက်ပြီး လျော်ကြေးများ ရရှိခဲ့သည်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း အကယ်၍လွတ်မြောက်မယ်ဆိုပါက၊ အစိုးရများအနေဖြင့် စနစ်တကျ၊ သတင်းထုတ်ပြန်မှာဖြစ်ကြောင်း ၊ အဆိုပါ လူငယ် ၂ ဦးအတွက် မိဘများမှာ အမြဲစိုးရိမ်ပူပန်နေရပြီး မောင်ဇော်လင်းရဲ့ မိခင်ဖြစ်သူဟာ ကျန်းမာရေးမကောင်းတဲ့အတွက် သတင်းအမှားတွေ မဖြန့်ဖို့ ဦးထူးချစ်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

    ဦးထူးချစ် ရေးသားထားတဲ့ ပိုစ့်ကို ဒီနေရာမှာ ဖတ်ပါ။


    Tags

    Fake newslife sentencesmurderPrisonreleasedMilitaryCoupCovid-19လိပ်ကျွန်းလူသတ်မှုသတင်းအတုဝင်းနဲ့ဇော်
    Read Full Article
    Claim :   လိပ်ကျွန်းလူသတ်မှုကြောင့် ထောင်ဒဏ်တစ်သက် ကျခံနေရသူနှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့် ရပြီ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!