BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပုံအဟောင်းတွေသုံးပြီး TNLA တပ်တွေ...
သတင်းအတု

ပုံအဟောင်းတွေသုံးပြီး TNLA တပ်တွေ ဆက်ကြေးကောက်တယ်လို့ ဝါဒဖြန့်

TNLA တပ်တွေက နမ့်ခမ်းမြို့ပေါ်က နေအိမ်တွေအပေါ်ထိ ဝင်ရောက်ပြီး ဆက်ကြေးကောက်ခံနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Nov 2023 9:11 PM IST
  • ပုံအဟောင်းတွေသုံးပြီး TNLA တပ်တွေ ဆက်ကြေးကောက်တယ်လို့ ဝါဒဖြန့်

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ပျံ့နှံလာတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ TNLA တပ်သား ၂ ယောက်က စျေးဆိုင်တစ်ဆိုင်ရဲ့ ရေခဲသေတ္တာကို ဖွင့်နေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ၎င်းဓါတ်ပုံနဲ့အတူ “နမ့်ခမ်းမြို့နယ်မှာ TNLA တပ်ဖွဲ့တွေက လူနေအိမ်ပေါ်အထိ ဝင်ရောက်နေထိုင်ပြီး ဆက်ကြေးကောက်ခံမှုတွေ ပြုလုပ်နေဟုဆို” လို့ ခေါင်းစဉ်တပ်ထားပါတယ်။

    ၎င်း သတင်းအမှားအတွင်းမှာတော့ “TNLA တပ်ဖွဲ့ဝင်တွေဟာ မြန်မာ-တရုတ်နယ်စပ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ စယ်ဟိုင်းရွာမှာရှိတဲ့ အရပ်သားနေအိမ်တွေထဲကို ဝင်ရောက်နေထိုင်ကာ ဆက်ကြေးကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုတွေကိုကိုးကားပြီး ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားကာ ကုန်စုံဆိုင် ပိုင်ရှင်တွေဆီက ကျပ် ၂ သိန်းကနေ ၅ သိန်းအထိ ဆက်ကြေးကောက်နေတယ်လို့ ရေးသားထားပါတယ်

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    TNLA တပ်တွေက နမ့်ခမ်းမြို့ပေါ်က နေအိမ်တွေအပေါ်ထိ ဝင်ရောက်ပြီး ဆက်ကြေးကောက်ခံနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားထဲမှာ ူအသုံးပြုထားတဲ့ ဓါတ်ပုံဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သျှမ်းသံတော်ဆင့် သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းထဲက ဓါတ်ပုံဖြစ်ပါတယ်။ မူရင်း သတင်းဟာ မူဆယ်ခရိုင် မူဆယ်မြို့ နှင့် နမ့်ခမ်းကြား စယ်လန့်ကျေးရွာရှိ ကုန်စုံဆိုင်တွေကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က စစ်ကောင်စီ ထုတ်ကုန်ရောင်းချမှု ရှိမရှိကို ဝင်ရောက် စစ်ဆေးနေတဲ့ ဓါတ်ပုံဖြစ်ပြီး စစ်ဆေးတွေ့ရှိတဲ့ ဆိုင်တွေကို စစ်တပ်ထုတ်ကုန်တွေ မရောင်းဖို့ တားမြစ်ကာ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးတွေ့ရှိပါက အရေးယူမယ်လို့ ပြောကြားထားတဲ့ သတင်းဖြစ်ပါတယ်။ သျှမ်းသံတော်ဆင့်က ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်သူတွေက TNLA တပ်တွေက စစ်တပ်ထုတ်ကုန်မရောင်းဖို့ တားမြစ်နေတဲ့ ဓါတ်ပုံတွေကို အသုံးပြုပြီး နေအိမ်ပေါ်ထိ ဆက်ကြေးကောက်နေတယ်ဆိုပြီးရေးသားထားတဲ့ပို့စ်တွေထဲမှာ ဘယ်ဒေသတွင်းသတင်းတွေကိုကိုးကားတယ်ဆိုတဲ့အထောက်အထားတွေနဲ့ သတင်းအရင်းအမြစ်တွေ တိတိကျကျမပါဝင်နေသလို တိကျသေချာတဲ့သတင်းအမည်တွေကို ရည်ညွှန်းကိုးကားထားတာမျိုးမပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဘယ်သူဘယ်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး ဒီအကောင့်တွေကနေ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေနဲ့ သတင်းအမှားတွေ မကြာခဏဖြန့်နေတာကို တွေ့ရပါတယ်။



    Tags

    Fake newsTNLAMilitaryCoupPropagandaဆက်ကြေးကောက်သတင်းအတုစစ်ကောင်စီအာဏာသိမ်းမြောက်ပိုင်းမဟာမိတ်
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!