BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • TNLA က စစ်ရှောင်အရပ်သားတွေကို...
သတင်းအတု

TNLA က စစ်ရှောင်အရပ်သားတွေကို သတ်ဖြတ်တယ်ဆိုတဲ့ သတင်းအတု

TNLA က စစ်ရှောင်အရပ်သားတွေကို ပလောင်စကားမတက်လို့ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  3 July 2024 8:42 PM IST
  • TNLA က စစ်ရှောင်အရပ်သားတွေကို သတ်ဖြတ်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ လက်နက်ကိုင်ဆောင်ထားသူတွေက ကြမ်းပြင်ပေါ် လဲနေတဲ့ သူတွေကို သေနတ်နဲ့ ပစ်သတ်မှုတွေ ပါဝင်တဲ့ Video ကို တင်ထားပြီး Video နဲ့အတူ “စစ်ဘေးရှောင်အရပ်သားများကို TNLA အကြမ်းဖက်များမှ ရက်ရက်စက်စက် သတ်ဖြတ်။

    ကျောက်မဲမြို့ ကျောင်ကြီးဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်နေတဲ့ ရှမ်းတိုင်းရင်းသား ၁ ဦးနှင့် ဗမာ ၂ ဦးကို ပလောင်စကားမတတ်လို့ဆိုပြီး TNLAပလောင်အကြမ်းဖက်မှ ရက်ရက်စက်စက်သတ်ဖြတ်။” (အသုံးအနှုံး မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    TNLA က စစ်ရှောင်အရပ်သားတွေကို ပလောင်စကားမတက်လို့ သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video file ဟာ TNLA နဲ့လည်း မသက်ဆိုင်သလို သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးသွားသူဟာ စစ်ရှောင် အရပ်သားတွေလည်း မဟုတ်ပါဘူး။ ဗီဒီယိုင်ဖိုင်ဟာ ဇွန်လ ၂၂ ရက်နေ့ခန့်က လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာတဲ့ Video တစ်ပုဒ်ဖြစ်ပြီး CNA တံဆိပ်တပ်ထားတဲ့ Chinland Council ရဲဘော် ၃ ဦးက ဒဏ်ရာရကာ စောင်ခြုံနေတဲ့ စစ်ကောင်စီတပ်သား ၃ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်က Video သာ ဖြစ်ပါတယ်။

    ဒီ Video ထွက်ပေါ်ပြီးနောက် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ရဲဘော်တွေကို ဖော်ထုတ် အရေးယူမယ်လို့ Chinland Council က ထုတ်ပြန်ထားပါတယ်။

    သတင်းအမှားဖြန့်သူတွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန်မှာ TNLA ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေလာတာပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsTNLAChinland CouncilciviliansTelegram ChannelPropagandaသတင်းအတုစစ်ရှောင်အရပ်သားပလောင်သတ်ဖြတ်
    Read Full Article
    Claim :   TNLA က စစ်ရှောင်အရပ်သားတွေကို ပလောင်စကားမတက်လို့ သတ်ဖြတ်တ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!