BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကျောက်မဲမြို့က သားအမိ ၃ ယောက်ကို...
သတင်းအတု

ကျောက်မဲမြို့က သားအမိ ၃ ယောက်ကို TNLA က သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့သတင်းအတု

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က သားအမိ ၃ ယောက်ကို TNLA က သေနတ်နဲ့ ပစ်သတ်သွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  17 July 2024 9:01 PM IST
  • ကျောက်မဲမြို့က သားအမိ ၃ ယောက်ကို TNLA က သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက စတင်ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားထဲမှာ “ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရက်ကွက် (၈) မှာ နေထိုင်တဲ့ သားအမိ ၃ ယောက်အား အကြမ်းဖက်သောင်းကျန်းသူ TNLA နဲ့ PDF များက အကြောင်းမဲ့ သေနတ်နဲ့ပစ်ခတ်ပြီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) ရေးသားကာ ရွှေဖီမြေက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ရဲ့ အပေါ် ၂ ပိုဒ်ကို Screenshot ကာ ဖော်ပြထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်ပါ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က သားအမိ ၃ ယောက်ကို TNLA က သေနတ်နဲ့ ပစ်သတ်သွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက်(၈)က သားအမိ ၃ ဦး ဇူလိုင် ၁ ရက်နေ့ ပစ်ခတ်ခံရတာဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် မိခင်နဲ့ ၃၀ ကျော်အရွယ် သားဖြစ်သူတို့က ပစ်သတ်ခံခဲ့ရပါတယ်။ ဒီလို ပစ်သတ်ခံရမှုကို ဘယ်သူက၊ ဘာအတွက်ကြောင့် ကျူးလွန်ခဲ့တယ်ဆိုတာကိုတော့ အခုချိန်ထိ သိရှိရခြင်း မရှိသေးသလို TNLA လက်ချက်လို့လည်း မည်သူကမှ ဖော်ပြခြင်း ပြောဆိုထားခြင်း မရှိပါဘူး။

    ရွှေဖီမြေက ဖော်ပြထားတဲ့ မူရင်း သတင်းထဲမှာ ကျောက်မဲမှာ သားအမ ၃ ဦး ကိုပစ်ခတ်သွားသူဟာ မည်သူ မည်ဝါမှန်း ၊ မည်သည့်အဖွဲ့အစည်းကမှန်း မသိရဘူးလို့သာ ဖော်ပြထားပြီး သတင်းအမှားဖြန့်သူတွေက TNLA လက်ချက်လို့ ပြောင်းလဲ ဖြန့်ဝေနေခြင်းသာ ဖြစ်ပါတယ်။

    ရွှေဖီမြေက ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်သူတွေဟာ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန်မှာ TNLA ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေလာတာပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupTNLAshot and killedPropagandaသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ကျောက်မဲမြို့၊ ရက်ကွက် (၈) မှာ နေထိုင်တဲ့ သားအမိ ၃ ယောက်အား TNLA နဲ့ PDF များက အကြောင်းမဲ့ သေနတ်နဲ့ပစ်ခတ်ပြီး သတ်ဖြတ်
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!