BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကန့်ဘလူ ဖြစ်စဉ်မှာ...
သတင်းအတု

ကန့်ဘလူ ဖြစ်စဉ်မှာ ပြည်သူထောင်ချီသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ဖြစ်စဉ်မှာ အရပ်သားသေဆုံးမှုတွေရှိခဲ့တဲ့သတင်းကို အခြေခံပြီး နောက်ဆက်တွဲချဲ့ကားရေးထားတဲ့အကြောင်းအရာတွေဆက်လက်ထွက်ပေါ်လာနေပါတယ်။

By - Boom Live Myanmar |
Published -  21 April 2023 2:39 PM IST
  • ကန့်ဘလူ ဖြစ်စဉ်မှာ ပြည်သူထောင်ချီသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအတု
    Listen to this Article

    အဆိုပါ သတင်းအမှားကို Aung Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၁၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး ၎င်း Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ကန့်ဘလူမှာ ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူရဲ့ ဓါတ်ပုံတွေနဲ့ သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “လုံးဝ သွေးအေးမသွားကြပါနဲ့။ ကန့်ဘလူ၊ ပဇီကြီးကျေးရွာ စစ်တပ်က ဗုံးကြဲ၊ ပြည်သူထောင်နဲ့ချီသေဆုံး၊ ကမ္ဘာပျက်ပြီဗျာ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို Like လုပ်ထားသူ ၅၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၆၅၀၀ ကျော်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ပဇီကြီးကျေးရွာမှာ ပြည်သူ ထောင်နဲ့ချီသေဆုံးခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပဇီကြီးကျေးရွာမှာ သေဆုံးသူ အရပ်သား ၂ဝဝ ဝန်းကျင်ဖြစ်ပြီး ထောင်နဲ့ချီသေဆုံးခြင်း မရှိပါဘူး။ ဧပြီလ ၁၆ရက်နေ့အထိ ပဇီကြီးကျေးရွာမှာ သေဆုံးသူ ၁၆၈ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာထားပြီး ဧပြီလ ၁၇ ရက်နေ့မှာတော့ သေဆုံး ပျောက်ဆုံးသူ ၂၀၀ အထိရှိပြီလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA သတင်းဌာနကို ပြောကြားထားပါတယ်။

    RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်ပါ။

    ပဇီကြီးရွာမှာ သေဆုံး၊ ပျောက်ဆုံးသူ ၂ဝဝ ရှိသွားပြီလို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးပြော

    သတင်းအမှားရဲ့ ခေါင်းစဉ်မှာ ပဇီကြီးကျေးရွာဖြစ်စဉ်မှာ သေဆုံးသူ ထောင်ချီရှိပြီလို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ တစ်ခြား သတင်းအကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။ သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPDFNUGAirstrikesသတင်းအတုစစ်ကောင်စီအာဏာသိမ်းကန့်ဘလူလေကြောင်းတိုက်ခိုက်မှုအရပ်သားသေဆုံး
    Read Full Article
    Claim :   ကန့်ဘလူ၊ ပဇီကြီးကျေးရွာ စစ်တပ်က ဗုံးကြဲ၊ ပြည်သူထောင်နဲ့ချီသေဆုံး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!