BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်မှာ ဗလီ အလုံးရေ ၇၀၀ နီးပါး...
သတင်းအတု

ရန်ကုန်မှာ ဗလီ အလုံးရေ ၇၀၀ နီးပါး ရှိတယ်လို့ ဖြန့်ထားတဲ့ သတင်းအတု

ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကိုးကွယ်တဲ့ ဗလီအလုံးရေ ၇၀၀ နီးပါးရှိတယ်လို့ သတင်းအမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  29 April 2022 8:15 PM IST
  • ရန်ကုန်မှာ ဗလီ အလုံးရေ ၇၀၀ နီးပါး ရှိတယ်လို့ ဖြန့်ထားတဲ့ သတင်းအတု

    အဆိုပါ အကြောင်းအရာကို နောက်ဆုံးသစ်ရွက်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၂၈ ရက်နေ့မှာ ရေးတင်ထားတာ ဖြစ်ပြီး ရန်ကုန်မြို့အတွင်းမှာ ဗလီ အလုံး ၇၀၀ နီးပါး ရှိတယ်လို့ ဖြန့်ထားပါတယ်။ ၎င်းသတင်းအမှားထဲမှာ "ရန်ကုန်တိုင်းရှိ ဗလီ အရေအတွက် ၁။ လသာမြို့နယ် = ၁၉ လုံး ၂။လမ်းမတော်မြို့ နယ် = ၁၄လုံး / ၃။ပန်းဘဲတန်း မြို့ နယ် = ၁၃လုံး/ ၄။ကျောက်တံတား = ၁၈လုံး / ၅။ဗိုလ်တထောင် =၂၃လုံး / ၆။အလုံ =၂၂လုံး / ၇။စမ်းချောင်း = ၁၇လုံး / ၈။ပုစွန်တောင် =၁၈လုံး / ၉။ဒေါပုံ =၁၂လုံး / ၁၀။ဗဟန်း =၁၅လုံး / ၁၁။ဒဂုံ =၁၈လုံး / ၁၂။အင်းစိန် = ၁၇လုံး / ၁၃။သင်္ဃန်းကျွန်း =၃၆လုံး / ၁၄။သန်လျင် =၁၃လုံး / ၁၅။သုံးခြ = ၂၂လုံး / ၁၆။ခရမ်း = ၁၃လုံး / ၁၇။ကွမ်းခြံကုန်း =၁၃လုံး / ၁၈။တံတွေး = ၁၇လုံး / ၁၉။ ဆိပ်ကြီးခနောင်တို =၁၄လုံး / ၂၀။ဒလ =၁၆လုံး / ၂၁။ထန်းတပင် =၁၅လုံး / ၂၂။မင်္ဂလာဒုံ =၂၅လုံး / ၂၃။သာကေတ = ၁၉လုံး / ၂၄။ရွှေပြည်သ =၂၅လုံး / ၂၅။လှည်းကူး =၁၅လုံး / ၂၆။ကော့မူး =၁၉လုံး / ၂၇။မှော်ဘီ = ၁၈လုံး // ၂၈။တောင်ဥက္ကလာ =၁၅လုံး / ၂၉။လှိုင် = ၁၄လုံး / ၃၀။ တာမွေ = ၅၃လုံး / ၃၁။ မင်္ဂလာတောင်ညွန့် =၄၉လုံး / ၃၂ll လှည်းကူး = ၂၂လုံး" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၀၀ နီးပါးရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန်မြို့မှာ ဗလီ အလုံးရေ ရာနဲ့ချီ ရှိတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားထဲမှာ လသာမြို့နယ်မှာ ဗလီ ၁၉ လုံးရှိတယ်လို့ ဖော်ပြထားပေမယ့် လသာမြို့နယ်မှာ ဗလီ တစ်လုံးထဲသာ ရှိပါတယ်။ သတင်းအမှားဖြန့်သူဟာ မြို့နယ်အသီးသီးက ဗလီအရေအတွက်ကို ၅ ဆ၊ ၁၀ ခန့် ကိန်းဂဏာန်းတွေ တိုးပြီး ဖြန့်ဝေထားတာကို တွေ့ရပါတယ်။

    ၎င်းတို့ ဖြန့်ဝေထားတဲ့ ကိန်းဂဏာန်းထဲမှာ ရန်ကုန်တိုင်းအတွင်းက ဗလီအရေအတွက်ဟာ ၆၇၅ လုံးလို့ ဖော်ပြထားပါတယ်။ ၁၉၉၇ ခုနှစ်က နဝတ အစိုးရက ထုတ်ပြန်ဝေခဲ့တဲ့ သာသနာရောင်ဝါထွန်းဖို့ ဆိုတဲ့ စာအုပ်ထဲမှာ ရန်ကုန်တိုင်း နယ်နမိတ်အတွင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၄၀၁၉ ကျောင်း၊ ခရိယာန်ဘုရားကျောင်း ၂၂၁ ကျောင်းနဲ့ ဗလီ ၁၇၁ လုံး ရှိတယ်လို့ တရားဝင် အသိအမှတ်ပြု ဖော်ပြထားပါတယ်။


    ၂၀၁၃ ခုနှစ် လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကာလမှာ Eleven Media က ဗလီအရေအတွက် စာရင်းကို တစ်ကြိမ်မှားယွင်း ဖော်ပြခဲ့ပြီး နောက်ပိုင်းမှာ ၎င်းပိုစ့်ကို လူမှုကွန်ယက်ပေါ်က ပြန်လည် ဖြုတ်ချသွားခဲ့ပါတယ်။

    ရန်ကုန်တိုင်းအတွင်း ဗလီအရေအတွက် ၁၇၁ လုံးဟာ တွံတေး၊ ကွမ်းခြံကုန်း ဘက်တွေ၊ သံလျှင် ခရမ်းသုံးခွဘက်တွေ၊ ထောက်ကြံ၊ လှည်းကူး၊ မှော်ဘီဘက်တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ နဝတ အစိုးရရဲ့ တရားဝင် အသိအမှတ်ပြုစာရင်းထဲပါပေမယ့် တချို့ဗလီတွေဟာ မဘသ အဖွဲ့ရဲ့ ရန်ရှာခံရမှုကြောင့် ပိတ်ခံထားရတာတွေလည်းရှိတဲ့အတွက် အရေအတွက်ဟာ ၁၇၁ အောက်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။


    (Photo - M Media မှ ကူးယူဖော်ပြသည်။)


    သာကေတမြို့နယ်မှာ တရားဝင်စာရင်းအရ ဗလီ ၉ လုံးရှိပေမယ့် ပိတ်ခံထား၇တဲ့အတွက် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်းဝတ်ပြုတဲ့အခမ်းအနားတစ်ခုမှာ လမ်းမပေါ် ဝတ်ပြုခဲ့ကြတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်တားမြစ်ခဲ့ပြီး ဦးဆောင်သူတွေကို အရေးယူခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်က သာကေတမှာ ဗလီတွေ ပိတ်ခံထားရလို့ လမ်းမပေါ် ဝတ်ပြုတဲ့အကြောင်း ဒီနေရာ ဖတ်ပါ။




    Tags

    Fake Newsnumber of MosquesYangonNationalistReligiousသတင်းအတုမဘသဗလီအမျိုးသားရေးအစွန်းရောက်
    Read Full Article
    Claim :   ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုကိုးကွယ်တဲ့ ဗလီအလုံးရေ ၇၀၀ နီးပါးရှိတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!