BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေနဲ့...
သတင်းအတု

ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပွက်လောရိုက်နေပြီဆိုတဲ့ သတင်းအတု

ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ဆူညံပွက်လောရိုက်နေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Feb 2024 9:16 PM IST
  • ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပွက်လောရိုက်နေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Ye Min Khaung ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်က လူများတဲ့ ဖေ့စ်ဘွတ် Group တွေထဲ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားထဲမှာ “ယနေ့ ရွှေရန်ကုန်ကြီး တအုံးအုံးနဲ့ ပွက်လောရိုက်နေပြီ” လို့ ရေးသားကာ Comment ကို ဝင်ရောက်ကြည့်ရှု့ဖို့ ပြထားပါတယ်။ Comment နေရာမှာတော့ “အမှားခြစ်လေးတွေကို နှိပ်ဖျောက်ပြီး ကြည့်ပါ” လို့ ရေးသားကာ link ၂ ခုကို ချပေးထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၁၀၀ ခန့်ရှိကာ မှတ်ချက်ရေးသားသူ ထပ်ဆင့်ဝေမျှသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ဆူညံပွက်လောရိုက်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လွတ်မြောက်နယ်မြေကိုသွားကာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ဖို့ စာရင်းပေးသူတွေ များစွာရှိနေသလို နိုင်ငံခြားထွက်ခွာဖို့ ပြင်ဆင်နေသူတွေလည်း များစွာရှိနေပါတယ်။

    ရန်ကုန်မြို့မှာလည်း UG တွေရဲ့ လှုပ်ရှားမှု အနည်းငယ်ရှိပေမယ့် ဗုံးပေါက်ကွဲမှု များစွာဖြစ်ပေါ်နေခြင်းတော့ မရှိပါဘူး။ သတင်းအမှားထဲမှာပြောထားသလို ဗုံးတွေ အများအပြားပေါက်နေခြင်းမရှိသလို ပွက်လောရိုက်နေခြင်းလည်း မရှိပါဘူး။ ၎င်းပိုစ့်အောက်မှာ ရန်ကုန်မှာ ဘာမှထွေထွေထူးထူးဖြစ်ပွားခြင်း မရှိကြောင်း မှတ်ချက်ရေးသားထားသူတွေလည်း ရှိနေပါတယ်။

    သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ link အတွင်းမှာလည်း ၎င်းရဲ့ ခေါင်းစဉ်မှာ ရေးသားထားသလို မပါဝင်ပါဘူး။ Website အတွင်းမှာ တစ်ခြားအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် ခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupbomb blastsYangonသတင်းအတုဗုံးပေါက်ကွဲမှုစစ်တပ် အာဏာသိမ်း
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!