BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ငွေစက္ကူ ၂ သောင်းကျပ်တန် နဲ့...
သတင်းအတု

ငွေစက္ကူ ၂ သောင်းကျပ်တန် နဲ့ ဗဟိုဘဏ်နဲ့ ဖျက်သိမ်းဖို့ ကမ္ဘာဘဏ် အမိန့်ချဆိုတဲ့ သတင်းအတု

အသစ်ထပ်မံရိုက်နှိပ်မယ်လို့ ကြေညာထားတဲ့ ငွေစက္ကူ ၂ သောင်းကျပ်တန် နဲ့ ဗဟိုဘဏ်ကို ဖျက်သိမ်းဖို့ ကမ္ဘာဘဏ်က အမိန့်ထွက်ပေါ်လာတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 July 2023 4:38 PM IST
  • ငွေစက္ကူ ၂ သောင်းကျပ်တန် နဲ့ ဗဟိုဘဏ်နဲ့ ဖျက်သိမ်းဖို့ ကမ္ဘာဘဏ် အမိန့်ချဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး အဆို Link ကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်လည်း ဖြန့်ဝေထားကြပါတယ်။ ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ၅ မိနစ်ခွဲ ခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပုံရယ် ဗဟိုဘဏ်ပုံရယ် အသစ်ထွက်မယ်လို့ ကြေညာထားတဲ့ ငွေစက္ကူ ၂ သောင်းကျပ်တန်နဲ့ နိုင်ငံတကာက သူတွေ ပါဝင်တဲ့ ဓါတ်ပုံတွေကို စုစည်းကာ တစ်ပုံတည်း ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ကမ္ဘာ့ဘဏ် အမိန့်ထွက်လာ၊ ဗဟိုဘဏ်နဲ့ ၂ သောင်းတန်ကို ဖျက်သိမ်းခံရ။ အရေးကြီးလို့ မဖြစ်မနေ ကြည့်ပေးကြပါ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အသစ်ထပ်မံရိုက်နှိပ်မယ်လို့ ကြေညာထားတဲ့ ငွေစက္ကူ ၂ သောင်းကျပ်တန် နဲ့ ဗဟိုဘဏ်ကို ဖျက်သိမ်းဖို့ ကမ္ဘာဘဏ်က အမိန့်ထွက်ပေါ်လာတယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီရဲ့ ငွေစက္ကူ ၂ သောင်းတန် အသစ် ရိုက်နှိပ်မှုအပေါ် ကမ္ဘာဘဏ်က မည်သည့်အမိန့်မှ ထုတ်ထားခြင်းမရှိသလို အသစ်ထုတ်မယ့် ငွေစက္ကူရော ဗဟိုဘဏ်ရော ဖျက်သိမ်းခံရခြင်း မရှိပါ။ ဒီငွေစက္ကူ ထုတ်ရမှုအပေါ် စစ်ကောင်စီခေါင်းဆောင် တည်ထားတဲ့ ဘုရား ၁ နှစ်ပြည့်အထိမ်းအမှတ်နဲ့ ၎င်းတို့ရဲ့ ဆင်ဖြူတော် ၁ နှစ်မြောက် မွေးနေ့အဖြစ်ရိုက်နှိပ်တာလို့ ထုတ်ပြန်ထားပါတယ်။

    သတင်းအမှား Video မှာ ၂ သောင်းတန် ငွေစက္ကူအသစ်နဲ့ ဗဟိုဘဏ် ဖျက်သိမ်းဖို့ အမိန့်ထုတ်ခံရတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ “မဝေးတော့သော ကာလကို လက်ချင်းမြဲမြဲချိတ်ကာ စောင့်ကြည့်ကြစို့” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsWorld Bank20000 kyatsbanknotesthe central bank of MyanmarMilitaryCoupသတင်းအတုငွေစက္ကူ ၂ သောင်းကျပ်တန်ဗဟိုဘဏ်ကမ္ဘာဘဏ်
    Read Full Article
    Claim :   ငွေစက္ကူ ၂ သောင်းကျပ်တန် နဲ့ ဗဟိုဘဏ်နဲ့ ဖျက်သိမ်းဖို့ ကမ္ဘာဘဏ် အမိန့်ချ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!