BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အတွင်းသတင်းတွေကြောင့် NLD ပါတီ...
သတင်းအတု

အတွင်းသတင်းတွေကြောင့် NLD ပါတီ တစ်ခုလုံး ထောင်နန်းစံရမယ်ဆိုတဲ့ သတင်းအတု

၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်မှု အပြီးမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 July 2020 8:36 PM IST
  • အတွင်းသတင်းတွေကြောင့် NLD ပါတီ တစ်ခုလုံး ထောင်နန်းစံရမယ်ဆိုတဲ့ သတင်းအတု

    ဒီရက်ပိုင်းအတွင်းမှာပဲ NLD ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်ဝင်းမြမြ အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။ အဆိုပါ သတင်းအမှားကို သတင်းဌာန အဆောင်ဆောင် ဖန်တီးထားတဲ့ Radio Free Myanmar ဆိုတဲ့ တံဆိပ်ပါတဲ့ Screen Shot တစ်ခုကနေ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီအကြောင်းအရာကို Chit Oo Maung ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၂၂ ရက်နေ့ ၁၂ နာရီ ၄၈ မိနစ် (AM) မှာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အကုန်ဖွင့်ချလိုက်ရင် NLD တဖွဲ့လုံး ထောင်နန်းစံရမယ်" လို့ ရေးသားထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားတွေနဲ့ ဒေါ်ဝင်းမြမြအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်ထားပါတယ်။

    ဒီလိုေရေးသား ဖော်ပြချက်ထဲမှာ ဒေါ်ဝင်းမြမြဟာ အရင်တချိန်က NLD ပါတီနဲ့ ဆက်စပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပုံစံ ၁၀ အတုနဲ့ မန္တလေး အိုးဘိုထောင်မှာ ထောင်ဝင်စာ လာရောက်တွေ့ဆုံခဲ့တယ်လို့ ရေးသားထားတဲ့အပြင် OIC က ထောက်ပံ့ကြေးနဲ့ NLD မှာ မွတ်စလင်အမတ် ၇၀% ကျော် ပေးဖို့ တောင်းဆိုခဲ့ပြီး ၆၈% ရာခိုင်နှုန်း ထည့်ပေးဖို့ သဘောတူညီမှု ရခဲ့တယ်လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို Thet Oo Maung ဖေ့စ်ဘွတ်အကောင့်ကနေ လူပေါင်း ၃၆၀၀ ကျော်က ထပ်ဆင့်မျှဝေထားပြီး တခြားအကောင့်ပေါင်း များစွာကလည်း ပြန်တင်ထားပါတယ်။


    သတင်းဆန်းစစ်ချက်

    Radio Free Myanmar ဆိုတဲ့တံဆိပ်နဲ့ Screen Shot မှာဖြန့်ဝေထားတဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ က OIC က ထောက်ပံ့ကြေးယူပြီး NLD မှာ မွတ်စလင် ကိုယ်စားလှယ် ၆၈% ထည့်ပေးဖို့ သဘောတူညီထားတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သတင်းအမှားသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်သူ ဒေါ်ဝင်းမြမြ အပေါ် တိုက်ခိုက်ထားတာနဲ့ ပက်သက်ပြီး "အဲ့သတင်းတွေက ဘာမှ အခြေအမြစ် မရှိပါဘူး။ ဒေါ်ဝင်းမြမြက OIC က ထောက်ပံ့စရာကို မလိုတဲ့ အမျိုးသမီးတစ်ယောက်ပါ။ မန္တလေးမှာ သူတို့ရဲ့ မိသားစုက အစဉ်အဆက် ချမ်းသာ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေပါ။ ထောက်ပံ့စရာ မလိုပါဘူး။ နောက်တစ်ခုကလည်း သူတို့ ဈေးချိုမှာရှိတဲ့ ဆိုင်ခန်းတွေဘာတွေက အသိမ်းခံရတယ်။ အသိမ်းခံရတော့ သူတို့ ဖြစ်တဲ့နည်းနဲ့ စားသောက်နေကြတာပါ။ ကျွန်တော်တို့ ပါတီက ဘယ်သူ့ဆီကမှ ထောက်ပံ့မခံခဲ့ဘူး။ ကျွန်တော်တို့ ပါတီက ကိုယ်စားလှယ်တွေဆီကနေ ကျွန်တော်တို့က ၂၅% လခ လစာ ကောက်ခံပြီး လုပ်ကိုင်နေကြရတာပါ" လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

    အဆိုပါ Screen Shot မှာ ရေးသားထားတဲ့ မွတ်စလင် ကိုယ်စားလှယ် ၆၈% ရာခိုင်းနှုန်းပါဝင်နေတယ် ဆိုတဲ့အချက်နဲ့ ပက်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က "အမတ်နေရာ ၆၈ ရာခိုင်နှုန်း မပါပါဘူး။ မန္တလေးမြို့က နိုင်ငံရေးအကျဉ်းသားတစ်ဦးဆိုတာ တိကျတဲ့ Source မဟုတ်ပါဘူး" လို့ Boom Myanmar ကို ပြောပါတယ်။

    NLD ပါတီဟာ OIC က ထောက်ပံ့ကြေးယူတယ်လို့ စွပ်ဆွဲထားတဲ့ သတင်းအမှားတွေနဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိပါတယ်။ အဆိုပါ OIC က ထောက်ပံ့ကြေး ယူတယ်လို့ ပုတ်ခတ်ပြောဆိုမှုနဲ့ ပက်သက်ပြီး "အဲ့ဒါကတော့ ဘယ်လိုမှ အခြေအမြစ်မရှိတဲ့ အောက်တန်းကျတဲ့ သတင်းပါ။ ကျွန်တော်တို့က OIC ဆီကလည်း မဟုတ်ဘူး။ ဘယ်နိုင်ငံကမှ ကျွန်တော်တို့ ယူလို့မရပါဘူး။ အဲ့ဒါကတော့ ပါတီတင် မကပါဘူး၊ ကျွန်တော်တို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထဲမှာ ပါပြီးသားပဲ။ အဲ့အတိုင်း လိုက်နာနေရတာ။ ပါတီက ဘယ်နိုင်ငံခြားက အကူအညီမှ ယူလို့ မရပါဘူး၊ အဖွဲ့အစည်းက မပြောနဲ့ လူဆီကတောင်မှ ကျွန်တော်တို့က နိုင်ငံခြားငွေဆို ယူလို့မရပါဘူး" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က Boom Myanmar ပြောပါတယ်။


    Tags

    Fake newsNLD partypersonal attack to Daw Win Mya Myaသတင်းအတုNLD ပါတီဒေါ်ဝင်းမြမြပုဂ္ဂိုလ်ရေးတိုက်ခိုက်
    Read Full Article
    Claim :   Radio Free Myanmar ဆိုတဲ့တံဆိပ်နဲ့ Screen Shot မှာဖြန့်ဝေထားတဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ က OIC က ထောက်ပံ့ကြေးယူပြီး NLD မှာ မွတ်စလင် ကိုယ်စားလှယ် ၆၈% ထည့်ပေးဖို့ သဘောတူညီထားတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုပြန်ကြားရေးက ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!