BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မဲကိစ္စနဲ့ပတ်သက်ပြီး UEC ကို...
သတင်းအတု

မဲကိစ္စနဲ့ပတ်သက်ပြီး UEC ကို ဦးတည်တိုက်ခိုက်တဲ့ သတင်းအတုတွေဖြန့်ဝေ

ရွေးကောက်ပွဲ မဲရလဒ်တွေအပေါ် မသမာမှု လုပ်တယ်ဆိုပြီး တရားစွဲဆိုထားတဲ့ အမှု့တွေနဲ့ပတ်သက်ပြီး သတင်းအမှားတွေ မကြာခဏ ထွက်ပေါ်လေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  15 Jan 2021 12:22 PM IST
  • မဲကိစ္စနဲ့ပတ်သက်ပြီး UEC ကို ဦးတည်တိုက်ခိုက်တဲ့ သတင်းအတုတွေဖြန့်ဝေ

    ဒီရက်ပိုင်းမှာလည်း ယခင်ထွက်ပေါ်နေကြ သတင်းအဟောင်းတွေကို အခြေခံပြီး သတင်းအမှားတွေ ထပ်မံဖြန့်ဝေမှုတွေ ရှိနေပါတယ်။ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ သီရိဆိုတဲ့ ဖေ့စ်ဘွတ် "တပ်မတော်ရဲ့အမိန့်၊ ပြည်ထဲရေးအမိန့်၊ ရဲအရေးပိုင်အမှုတွေ အားလုံး...23/1/21..နောက်ဆုံးဖမ်းဝရမ်း အတည်ပြုလိုက်ပြီ" လို့ ရေးတင်ခဲ့ပါတယ်။

    အဆိုပါဖေ့စ်ဘွတ်အကောင့်ဟာ ဇန်နဝါရီလ ၈ နာရီ ၃၉ မိနစ်မှာ Breaking News လို့ ရေးသားပြီး နောက်ထပ် သတင်းအမှားတစ်ပုဒ် ထပ်တင်ခဲ့ပါတယ်။ အဲ့ဒီ သတင်းအမှားထဲမှာ "UEC ကော်မရှင်းမှ ခေါင်းဆောင်အပါဝင် အဖွဲ့ဝင် ၆ ဦးထက်မနည်း နှုတ်ထွက်စာ တင်ခြင်း" လို့ခေါင်းစဉ်တပ်ထားပြီး "တပ်မတော်မှ စုံစမ်းစစ်ဆေးရမည့် မဲစာရင်းစာရွက် စာတမ်းများအား ဖြောက်ဖျက်ပစ်ပါက နိုင်ငံတော်အာဏာ လိမ်လည်ရယူမှုဖြင့်သော်လည်းကောင်း နိုင်ငံတော် လုံခြုံရေး ကျိုးပေါက်စေရန် ရည်ရွယ် ချက်ဖြင့်သော်လည်းကောင်း ၊ အခြေခံဥပဒေပါ လိုက်နာရမည့် ဥပဒေကြောင်းအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆၈ နှစ်မှ ၉၀ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရ" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားတွေကို ထပ်ဆင့်ဝေမျှသူ ၆၀၀ ကျော် နဲ့ ၂၀၀ နီးပါး ရှိနေကြသလို ကူးယူဖော်ပြသူပေါင်း များစွာလည်း ရှိနေပါတယ်။

    မူရင်းရေးသား ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    သီရိဆိုတဲ့ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ တရားစွဲထားတဲ့အမှုတွေ ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့အကြောင်းအရာနဲ့ UEC ခေါင်းဆောင်တွေ နုတ်ထွက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းအမှား တွေကို တကျော့ပြန်အသုံးချပြီး ပြန်လည်ဖြန့်ဝေထားတာ တွေ့ရပါတယ်။

    UEC ကို မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတာတွေကို ဖမ်းဝရမ်းအတည်ပြုလိုက်ပြီ ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဘယ်တရားရုံး၊ ရဲစခန်းကမှ ထုတ်ပြန်ထားခြင်း မရှိသလို မည်သည့် သတင်းမီဒီယာမှာမှ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ အကြောင်းအရာဟာလည်း ယခင် မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှား အကြောင်းအရာလည်း ဖြစ်ပါတယ်။

    UEC ခေါင်းဆောင်တွေ နုတ်ထွက်တယ်ဆိုတဲ့ အကြောင်းအရာဟာလည်း မကြာခဏထွက်ပေါ်နေတဲ့ သတင်းအမှားအကြောင်းအရာသာ ဖြစ်ပါတယ်။ ပထမအကြိမ်တွေ အဆိုပါ သတင်းအမှားထွက်ပေါ်ခဲ့စဉ်က Boom က အချက်အလက် စစ်ဆေးခဲ့တဲ့ သတင်းကို အောက်ပါ Link မှာ ကြည့်နိုင်ပါတယ်။

    UEC ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေနှုတ်ထွက်စာတင်တယ်ဆိုတဲ့သတင်းအမှား




    Tags

    Fake newswarrantUECElection Myanmarresignedဖမ်းဝရန်းUEC ခေါင်းဆောင်နုတ်ထွက်သတင်းအတု
    Read Full Article
    Claim :   တရားစွဲထားတဲ့အမှုတွေ ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့အကြောင်းအရာနဲ့ UEC ခေါင်းဆောင်တွေ နုတ်ထွက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!