BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • UWSA နဲ့ RCSS ပူးပေါင်းပြီး PDF နဲ့...
      သတင်းအတု

      UWSA နဲ့ RCSS ပူးပေါင်းပြီး PDF နဲ့ မဟာမိတ်တွေကို ချေမှုန်းမယ်ဆိုတဲ့ သတင်းအတု

      UWSA နဲ့ RCSS တို့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ၎င်းတို့ရဲ့ မဟာမိတ်တပ်တွေကို အပြီးချေမှုန်း သွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေး က ပြောထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  16 May 2022 1:15 PM IST
    • UWSA နဲ့ RCSS ပူးပေါင်းပြီး PDF နဲ့ မဟာမိတ်တွေကို ချေမှုန်းမယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို Today Event ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၀ ရက်နေ့ မနက် ၁၁ နာရီ ၄၁ မိနစ်မှာဖြန့်ဝေထားတာ ဖြစ်ပြီး ၈ မိနစ်နဲ့ ၂၁ စက္ကန် ကြာမြင့်တဲ့ Video တစ်ပုဒ်ကို တင်ထားပါတယ်။ Video ကို ဖြန့်ဝေရာမှာ "သတင်းဆိုးကြီးလာပြီ" လို့ ရေးသားထားတာဖြစ်ပြီး Video မှာပေါ်နေတဲ့ပုံမှာတော့ "သတင်းဆိုးကြီးလာပြီဗျာ၊ မျှော်လင့်ချက်တွေ ပျက်ကုန်ပြီ။ WUSA နဲ့ RCSS တို့ ပူးပေါင်းပြီး PDF နဲ့ မဟာမိတ်များကို ချေမုန်းသွားမယ်လို့ ဇော်မဲလုံး အခိုင်အမာ ပြောကြားလိုက်ပြီ" (မူရင်းရေးသားထားသည့် အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ Video အတွင်းမှာတော့ သတင်း ၆ ပုဒ်ကို နောက်ခံ အသံရွတ်ဆိုပြီး လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၃ သိန်း ၇ သောင်းကျော်ရှိပြီး Like လုပ်ထားသူ ၂ သောင်းရှိကာ မှတ်ချက်ရေးသားသူ ၃၀၀ ကျော်ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      UWSA နဲ့ RCSS ပူးပေါင်းပြီး PDF တွေနဲ့ မဟာမိတ်တွေကို ချေမှုန်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းဖြစ်တာကို တွေ့ရပါတယ်။

      ဒီ Video ဟာ ခေါင်းစဉ်မှာ လူအများစိတ်ဝင်စားအောင် လုပ်ကြံရေးသားထားပြီး ဝင်ရောက်ကြည့်ရှု့သူ များလာတဲ့အခါ Viewer အရောအတွက်နဲ့ ပိုက်ဆံပြန်ဝင်အောင် ပြုလုပ်ဖန်တီး ဖြန့်ဝေထားတဲ့ Video သာ ဖြစ်ပါတယ်။ Video အတွင်းမှာ UWSA နဲ့ RCSS တို့ ပူးပေါင်းတဲ့အကြောင်းမပါသလို အဆိုပါ အဖွဲ့ ၂ ဖွဲ့က PDF တွေနဲ့ မဟာမိတ်တွေကို တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းအရာလည်း မပါဝင်ပါဘူး။

      ၎င်း Video ထဲမှာ သတင်း (၆) ပုဒ်ကို နောက်ခံအသံရွတ်ဆိုပြီးဖော်ပြထားပါတယ်။ အဆိုပါ သတင်းတွေဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဖြေရှင်းဖို့ NCA ထိုးထားတဲ့ အဖွဲ့ ၆ ဖွဲ့နဲ့ NCA မထိုးထားတဲ့ အဖွဲ့ ၆ ဖွဲ့ ရှိတယ်လို့ ဖော်ပြထားတဲ့ သတင်း၊ ပဲခူးတိုင်း ဝေါမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရသေဆုံး၊ သရုပ်ဆောင်ဒေါင်းရဲ့ အိတ်ရောင်းရငွေကို ပညာရေးရန်ပုံငွေအတွက် လှူဒါန်းလိုက်တဲ့ သတင်း၊ PDF တွေနဲ့ စပ်ဆက်တဲ့နေအိမ်တွေကို ချိတ်ပိတ်ပြီး ၎င်းအိမ်တွေအထဲက ပစ္စည်းတွေကို စစ်ကောင်စီတွေ ယူဆောင်သွားတယ်ဆိုတဲ့ သတင်း၊ လှည်းကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါတ်စဉ် ၄ သင်တန်းဆင်းပွဲ ပြုလုပ်ဆိုတဲ့သတင်း၊ မြင်းမူ PDF စခန်း အသိမ်းခံရပြီး ရဲဘော် ၈ ဦး ကျဆုံး ဆိုတဲ့သတင်း တွေ ဖြစ်ပါတယ်။

      သတင်းအမှားဖန်တီးသူတွေဟာ RCSS နဲ့ UWSA ပူးပေါင်းတယ်လို့ ဖော်ပြထားပေမယ့် RCSS နဲ့ UWSA ဟာ စစ်ရေးအရ တင်းမာလျှက်ရှိပြီး ဧပြီလ အတွင်းမှာ ၎င်းတို့ ၂ ဖွဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ ဧပြီလက UWSA နဲ့ RCSS တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။




      Tags

      Fake newsUWSARCSSNCAMilitaryCoupPDFsPeople defence forceသတင်းအတု
      Read Full Article
      Claim :   UWSA နဲ့ RCSS ပူးပေါင်းပြီး PDF နဲ့ မဟာမိတ်တွေကို ချေမှုန်းမည်
      Claimed By :  facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!