BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အတည်မပြုနိုင်တဲ့...
သတင်းအတု

အတည်မပြုနိုင်တဲ့ သန်းခေါင်ယံကြိုတင်မဲနဲ့ ကြိုတင်မဲတွေပယ်ချလိုက်တယ်ဆိုတဲ့သတင်းအမှား

ရွေးကောက်ပွဲ မဲရေတွက်မှုတွေနဲ့ပတ်သက်လို့ သတင်းတုသတင်းမှား မြောက်များစွာပေါ်ထွက်ခဲ့တဲ့အထဲမှာ သန်းခေါင်ယံကြိုတင်မဲပြသနာနဲ့ ဦးသန်းဌေးရဲ့ကြိုတင်မဲတွေကို UEC က ပယ်ချလိုက်တယ်ဆိုတဲ့သတင်းတုတွေလည်းပါဝင်ပါတယ်။

By - Boom Live Myanmar |
Published -  9 Nov 2020 3:35 PM IST
  • အတည်မပြုနိုင်တဲ့ သန်းခေါင်ယံကြိုတင်မဲနဲ့ ကြိုတင်မဲတွေပယ်ချလိုက်တယ်ဆိုတဲ့သတင်းအမှား

    ပြ ည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးရဲ့ ကြိုတင်မဲတွေ ပယ်လိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ်ကို Henry Maung Thant ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၉ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်မှာ ရေးသားဝေမျှခဲ့ပြီး အဆိုပါ သတင်းအမှားထဲမှာ "၀မ်းသာစရာ အထူး သတင်းကောင်းပါ သန်းခေါင်ယံ ကြိုတင်မဲ 3000ကို UECက တရားမ၀င်တဲ့အတွက် ပယ်ချလိုက်ပါပြီတဲ့။ OK တယ်နော်။ ယနေ့မှစ၍ သန်းခေါင်ယံ " ကသန်းဌေး " ဟု အမည်တွင်စေသော် ဒူဝေဝေ ခ်ခ်" (မူရင်းဖော်ပြချက်အတိုင်း) လို့ ရေးတင်ခဲ့ပါတယ်။

    အဆိုပါ သတင်းအမှားဖေ့စ်ဘွတ် ပိုစ့်ကို Like လုပ်ထားသူ ၁၂၀၀ ကျော်နှင့် ထပ်ဆင့်ဝေမျှ ထားသူ ၁၅၀၀ ကျော် ရှိနေပြီး ပြန်လည် ကူးယူဖော်ပြသူ များစွာလည်း ရှိနေပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇေယျာသီရိမြို့နယ်က ကြိုတင်မဲတွေကို ပယ်မဲအဖြစ် သတ်မှတ်လိုက်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ မှားယွင်းရေးသာထားတာဖြစ်ပြီးသန်းခေါင်ယံကြိုတင်မဲကိစ္စကလည်း ယခုသတင်းရေးသားတဲ့အချိန်အထိ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

    နိုဝင်ဘာ ၈ ရက်ညပိုင်းမှာကတည်းက ဇေယျာသီရိမြို့နယ်မှာ မဲရေတွက်စဉ် သန်ခေါင်ကျော်မှ ကြိုတင်မဲသုံးထောင်ကျော်ရောက်လာတာကြောင့် ဦးသန်းဌေးနိုင်သွားတယ်ဆိုတာနဲ့ ဒီအချက်အပေါ်မှာ ပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိခဲ့ပါတယ်။

    ဒါပေမယ့် မနေ့ကညသန်းခေါင်မှာ ကြိုတင်မဲတွေအလုံးအရင်းနဲ့ဝင်လာတာရယ်၊ ဒီအခြေအနေကြောင့်အနိုင်ရတယ်ဆိုတာတွေကိုတော့တိကျ သေချာတဲ့အထောက်အထားတွေမရှိခဲ့ပါဘူး။

    အဲ့ဒီသတင်းတွေကိုရေးသားဖြန့်ဝေခဲ့တဲ့အကောင့်တချို့ဟာလည်း နောက်တနေ့မှာ သန်းခေါင်ယံကြိုတင်မဲအကြောင်းတင်ထားတဲ့ပို့စ်တွေကိုဖျက်ချသွားခဲ့ပါတယ်။ အောက်ကပုံကတော့ စတင်ဖြန့်ဝေခဲ့တဲ့ Aung Ye Lin ဆိုတဲ့အကောင့်ဖြစ်ပါတယ်။


    ဒီအခြေအနေတွေကြောင့် လူမှုကွန်ရက်မှာဝေဖန်မှုတွေအမြောက်အများထွက်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာတော့ အဲ့ဒီကြိုတင်မဲတွေကြောင့် UEC ကကြိုတင်မဲတွေပယ်ချတယ်ဆိုတဲ့အကြောင်းအရာတွေ ဆက်လက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

    အဆိုပါသတင်းတုတွေအားကောင်းကောင်းနဲ့ပျံ့နှံ့ခဲ့တဲ့ နိုဝင်ဘာ ၈ရက်ညနဲ့ ၉ ရက်နေ့နေ့လည်အထိ ဇေယျာသီရိမဲဆန္ဒနယ်မှာ အဲ့လိုပြသနာတွေရှိတယ်ဆိုတာကို အတိုက်အခံပါတီတွေနဲ့ကိုယ်စားလှယ်တွေက သိရှိပြောဆိုကြတာမရှိသလို တရားဝင်သတင်းဌာနတွေမှာလည်း သန်းခေါင်ယံကြိုတင်မဲကိစ္စကို အတည်ပြုရေးသားထားတာမျိုးမရှိပါဘူး။

    နိုဝင်ဘာ ၉ရက် မွန်းလွဲပိုင်းမှာတော့ နေပြည်တော် ၊ ဇေယျာသီရိ မဲဆန္ဒနယ်မှာ NLD ပါတီ က ဒေါက်တာမိုးဆွေနဲ့ ပြည်ခိုင်ဖြိုးပါတီက ဥက္ကဌ ဦးသန်းဌေးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ကမဲငါးထောင်ကျော် အကွာနဲ့ အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးမောင်မောင်က RFA သတင်းဌာန ကို အတည်ပြု ပြောကြားထားတဲ့သတင်းထွက်ပေါ်လာပါတယ်။ဒီသတင်းမှာတော့ ကော်မရှင်ဥက္ကဌရဲ့အတည်ပြုချက်ပါဝင်တာကြောင့် အမှန်ကန်ဆုံးသတင်းရင်းမြစ်အဖြစ်အတည်ပြုသတ်မှတ်နိုင်ပါတယ်။

    ဒီသတင်းမှာလည်း အဲ့ဒီကြိုတင်မဲတွေဟာ အချိန်လွန်ခြင်းသို့မဟုတ် သန်းခေါင်ယံအချိန်မှာရောက်လာတဲ့မဲတွေကို လက်ခံရေတွက်တယ်ဆိုတဲ့သဘောမျိုးပြောဆိုထားတာမပါဝင်ခဲ့ပါဘူး။ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေမှာလည်း ကြိုတင်မဲတွေဟာ ညနေလေးနာရီအထိသာအကြုံးဝင်တာဖြစ်ပြီး အကယ်၍သတင်းအမှားတွေမှာရေးကြသလို သန်းခေါင်ယံအချိန်မှဝင်လာတာမျိုးဖြစ်ခဲ့ရင် ကော်မရှင်ကမဖြစ်မနေပယ်မဲအဖြစ်သတ်မှတ်ခဲ့မှာဖြစ်ပါတယ်။

    RFA ကတင်ပြထားတဲ့သတင်းကို ဒီမှာကြည့်ပါ။


    နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းနဲ့ ၉ ရက်နေ့ မနက် အစောပိုင်းမှာ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ဦးသန်းဌေးက အနိုင်ရရှိထားတယ်လို့ Myanmar Now သတင်းဌာနမှာ ရေးသားထားပြီး အဲ့ဒီသတင်းထဲမှာ မှတ်ချက်အနေနဲ့ ရွေးကောက်ပွဲ ရလဒ်များ မထွက်သေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ကြောင်း အဆိုပါ သတင်းမှာ ရေးသားထားပါတယ်။

    ဒီနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မှာတော့ ပြည်ခိုင်ဖြိုးပါတီ ဦးသန်းဌေးက မဲအရေအတွက် ၃၆၃၂၅ မဲ ၊ NLD ပါတီက ဒေါက်တာမိုးဆွေက ၃၀၉၆၅ မဲနဲ့ မဲအရေအတွက် ၅၀၀၀ ကျော်အကွာနဲ့ ဦးသန်းဌေး အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက အတည်ပြုထားပါတယ်။







    Tags

    Fake newsUSDP chairmanadvance votescanceledပြည်ခိုင်ဖြိုးပါတီဥက္ကဌကြိုတင်မဲသတင်းအတု၂၀၂၀ရွေးကောက်ပွဲElection Myanmar
    Read Full Article
    Claim :   ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဇေယျာသီရိမြို့နယ်က ကြိုတင်မဲတွေကို ပယ်မဲအဖြစ် သတ်မှတ်လိုက်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!