BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အမေရိကန်သမ္မတနဲ့ စစ်ကောင်စီဥက္ကဌ...
      သတင်းအတု

      အမေရိကန်သမ္မတနဲ့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်တို့ အွန်လိုင်းကတွေ့ကြသလား

      အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စစ်ကောင်စီ ဥက္ကဌ ကို ဖိတ်ကြားပြီး video conferencing နဲ့ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  11 Aug 2021 4:49 PM IST
    • အမေရိကန်သမ္မတနဲ့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်တို့ အွန်လိုင်းကတွေ့ကြသလား

      အဆိုပါ သတင်းအမှားကို Aung Myo Min ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဩဂုတ်လ ၅ ရက်နေ့ ည ၈ နာရီ ၃၃ မိနစ်မှာ ရေးတင်ခဲ့တာ ဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတဂျိုးဘိုင်ဒန် Video conference ဖြင့် တွေ့ဆုံဆွေးနွေး" လို့ ရေးသားထားပြီး သတင်းအမှားရဲ့ အတွင်းမှာ "အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်" လို့ရေးသားထားကာ အဲ့ဒီသတင်းထဲမှာ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့လို့ ၎င်းတို့က အာဏာသိမ်းရခြင်းဖြစ်ကြောင်း၊ NUG နဲ့ CRPH တို့ဟာ အဖျက်အမှောက်လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့အတွက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း စစ်ကောင်စီ ဥက္ကဌက အမေရိကန် သမ္မတဂျိုးဘိုက်ဒန်ကို တင်ပြခဲ့တယ်လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ အောင်မျိုးမင်း ဆိုတဲ့ Facebook အကောင့်တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော်ရှိကာ တခြားဖေ့စ်ဘွတ်အကောင့် ပေါင်းများစွာကလည်း ကူးယူဖော်ပြထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ အမေရိကန်သမ္မတက စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားပြီး တွေ့ဆုံဆွေးနွေးတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်ကြောင်း တွေ့ရပါတယ်။

      အဆိုပါ သတင်းကို ဖြန့်ဝေတဲ့အခါ CNN သတင်းဌာနမှာပါတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန်ရဲ့ ဓါတ်ပုံပေါ်မှာ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံအသေးတစ်ပုံကိုပေါင်းထည့်ပြီး Video conferencing နဲ့ တွေ့ထားသလို ပြုလုပ်ထားပါတယ်။ အဲ့ဒီဓါတ်ပုံဟာ ရိုးရိုး Photoshop နဲ့ ထပ်ထားတဲ့ ဓါတ်ပုံသာ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာကို CNN သတင်းဌာနကလည်း ဖော်ပြထားခြင်းမရှိသလို မည်သည့် မီဒီယာကမှလည်းဖော်ပြထားခြင်း မရှိပါဘူး။အဆိုပါသတင်းအမှားဟာ စစ်တပ်ထောက်ခံသူတွေအချင်းချင်းဝါဒဖြန့်ဖို့ဖန်တီးထားတဲ့ဒဖြန့်ထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

      စစ်ကောင်စီက အာဏာသိမ်းယူထားအပြီးမှာ ၎င်းတို့ကို တရုတ်နဲ့ ရုရှားနိုင်ငံကသာ ထောက်ခံအားပေးပြီး အမေရိကန်အပါအဝင်နိုင်ငံတချို့က ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

      Tags

      Fake newsUS PresidentMilitary councilCoupသတင်းအတုစစ်ကောင်စီ
      Read Full Article
      Claim :   လူမှုကွန်ယက်ပေါ်ဖြန့်ဝေထားတဲ့ အမေရိကန်သမ္မတက စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားပြီး တွေ့ဆုံဆွေးနွေးတယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!