BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • PDF တွေ...
      သတင်းအတု

      PDF တွေ အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်း UNHCR ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအတု

      သတင်းအမှားဖြန့်နေကြ Page တစ်ခုက PDF တွေ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားတယ် ဆိုတဲ့ သတင်းအတု တစ်ပုဒ်ဖြန့်ဝေခဲ့ကြပါတယ်။

      By - Boom Live Myanmar |
      Published -  14 Oct 2021 11:08 AM IST
    • PDF တွေ အကြမ်းဖက်မှုပြုလုပ်ခဲ့ကြောင်း UNHCR ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Up to Date News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာလ ၇ ရက်နေ့ မနက် ၉ နာရီ ၄ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ " အကြမ်းဖက်သူပုန် PDF တို့မှ နေအိမ်မီးရှို့ခြင်း၊ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကြောင့်ပြည်သူ တစ်သိန်းခွဲ နီးပါး အိုးအိမ်စွန့်ပြီး ထွက်ပြေးခဲ့ရ ကြောင်းဖြင့်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားသည်။ (UNHCR) ၏ နောက်ဆုံးရကိန်းဂဏန်းများ အရ" (မူရင်းဖော်ပြချက်အတိုင်း) ဆိုပြီးရေးသားထားပါတယ်။

      အလားတူ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းတောင်၊ ပဲခူး၊ မွန်နဲ့ တနင်္သာရီတို့မှာ နေအိမ်စုစုပေါင်း ၁ သိန်း ၄ သောင်းကျော် စွန့်ခွာခဲ့တယ်လို့ ဖော်ပြထားပြီး PDF များက နေအိမ်တွေမီးရှို့ခြင်း၊ သာသနိက အဆောက်အဦးများ ဖျက်ဆီးခြင်း ဒလန်ဆိုပြီး တိုက်ခိုက်ခြင်းတွေ လုပ်ခဲ့ကြောင်း UNHCR က ထုတ်ပြန်ထားတယ်လို့ ၎င်း သတင်းထဲမှာ ရေးသားထားတာဖြစ်ပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၁၅၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူများရှိကာ ကူးယူဖော်ပြသူများလည်း ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နေအိမ်တွေ မီးရှို့ဖျက်ဆီး အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်လို့ UNHCR က ထုတ်ပြန်ထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

      UNHCR ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသလို မည်သည့် သတင်းဌာနကမှလည်း ဒီအကြောင်းအရာကို ဖော်ပြထားခြင်း မရှိပါဘူး။ Myanmar Update News ဆိုတဲ့ Page က ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

      မြန်မာဘာသာနဲ့ ရေးသားဖော်ပြထာတဲ့ UNHCR ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ အောက်တိုဘာလ ၅ ရက်နေ့က "ရက္ခိုင့်တပ်မတော်နှင့်မြန်မာတပ်မတော်တို့အကြားဖြစ်ပွားနေတဲ့တိုက်ပွဲများနဲ့ ပတ်သက်လို့သာ သတင်းထုတ်ပြန်ထားတာရှိပါတယ်။


      Tags

      Fake newsUNHCRPeople
      Read Full Article
      Claim :   ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ နေအိမ်တွေ မီးရှို့ဖျက်ဆီး အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်လို့ UNHCR က ထုတ်ပြန်ထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!