BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • UN က ဦကျော်မိုးထွန်းကို...
သတင်းအတု

UN က ဦကျော်မိုးထွန်းကို နေရာအစားထိုးတယ်ဆိုတဲ့ သတင်းအတု

UN က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သံအမတ်ကြီးဖြစ်သူ ဦးကျော်မိုးထွန်းကို ဖြုတ်ချပြီး စစ်ကောင်စီသံအမတ်ကို အစားထိုးလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 April 2023 11:02 AM IST
  • UN က ဦကျော်မိုးထွန်းကို နေရာအစားထိုးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Kanak Tavade ဆိုတဲ့ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၂၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ “ဦးကျော်မိုးထွန်းနဲ့ UN က ခေါင်းဆောင်တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “NUG ခွေးလုံးလုံးဖြစ်ပြီ။ ဦးကျော်မိုးထွန်း ဖြုတ်ချခံရ။ UN မှာ စစ်တပ်နေရာယူပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ရေးသားထားပါတယ်။ အဆိုပါ Video ခေါင်းစဉ်ကို “UN က ဉီးကျော်မိုးထွန်းကို ဖြတ်ချပြီး စစ်ကောင်စီ သံအမတ် ကိုအစားထိုး” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို Like လုပ်ထားသူ ၁၀၀ နီးပါးနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၅၄၀၀ ကျော်ရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    UN က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သံအမတ်ကြီးဖြစ်သူ ဦးကျော်မိုးထွန်းကို ဖြုတ်ချပြီး စစ်ကောင်စီသံအမတ်ကို အစားထိုးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    UN မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ NUG ကိုယ်စားပြုအဖြစ်သာ ယခင်အတိုင်း ဆက်လက်ရှိနေပြီး စစ်ကောင်စီသံအမတ်ကို အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း မည်သည့်သတင်းဌာနကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်တဲ့အဖွဲ့ကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ အဆိုပါ Video အထဲမှာ KNU တပ်မဟာ ၆ နယ်မြေ က စစ်သတင်းအကြောင်းအရာကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newUNNUGMilitaryCoupoustedambassadorClickbaitsသတင်းအတုဦးကျော်မိုးထွန်းစစ်ကောင်စီသံအမတ်
    Read Full Article
    Claim :   UN က ဉီးကျော်မိုးထွန်းကို ဖြတ်ချပြီး စစ်ကောင်စီ သံအမတ် ကိုအစားထိုး
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!