BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG နဲ့ PDF တွေကို...
သတင်းအတု

NUG နဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့လို့ UN က သုံးနှုန်းပြောဆို ထားတယ်ဆိုတဲ့ သတင်းအတု

NUG နဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့အဖြစ် UN က သုံးနှုန်းပြောဆိုထားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 Oct 2022 7:54 AM IST
  • NUG နဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့လို့ UN က သုံးနှုန်းပြောဆို ထားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၂၉ ရက်ဝန်းကျင်ခန့်က လူမှုကွန်ယက်ပေါ် စစ်ကောင်စီထောက်ခံသူတွေက စတင်ဖြန့်ဝေနေတာဖြစ်ပြီး ၎င်း သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဆိုးဝါးတဲ့NUG,PDFအကြမ်းဖက်မှုတွေကြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော" (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    သတင်းအမှားရဲ့ အတွင်းမှာတော့ "မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ NUG,PDF တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာပျက်သလို ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေတွေဆီကို ပြန်ရောက်အောင် လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေကို ထောက်ပြပြီး မနေ့က လူ့အခွင့်အရေး ညီလာခံမှာ ပြောသွားတာဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့် ရာပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက NUG အစိုးရကို အကြမ်းဖက်အဖွဲ့အဖြစ်သုံးထားပြီး NUG က အကြမ်းဖက်မှုပေါင်းများစွာ ပြုလုပ်ခဲ့တယ်လို့ ပြောထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    သတင်းအမှား ဖြန့်သူတွေဟာ RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ထဲက စစ်ကောင်စီဆိုတဲ့ စကားလုံးတွေ နေရာမှာ NUG ဆိုတဲ့ စကားလုံးကို ပြောင်းလဲပြီး ပြန်လည်ဖြန့်ဝေထားခြင်းသာဖြစ်ပါတယ်။ မူရင်း သတင်းထဲမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးငယ်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ပြောထားတာ ဖြစ်ပြီး သတင်းအမှားဖြန့်သူတွေက NUG ကြောင့် သေဆုံးခဲ့တာလို့ ဖြန့်ထားတာ ဖြစ်ပါတယ်။ UN ဟာ အာဏာသိမ်းစစ်ကောင်စီကို အခုချိန်ထိ အသိအမှတ်ပြုခြင်း မရှိထားသလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

    သတင်းအမှားဖြန့်သူတွေ စကားလုံးပြောင်းလဲကာ ဖြန့်ဝေထားတဲ့ RFA သတင်းဌာနက ဖော်ပြခဲ့တဲ့ မူရင်းသတင်းကို ဒီ Link မှာ ဖတ်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။

    Tags

    Fake newsUNNUGPDFMilitaryCoupterroristသတင်းအတုအကြမ်းဖက်စစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ဆိုးဝါးတဲ့NUG,PDFအကြမ်းဖက်မှုတွေကြုံနေတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!