BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကောင်စီခေါင်းဆောင်ကို UN...
သတင်းအတု

စစ်ကောင်စီခေါင်းဆောင်ကို UN လာဖမ်းမယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ အဖွဲ့က ၁၈ နာရီအတွင်း လာဖမ်းမယ်လို့ UN ထုတ်ပြန်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  31 Oct 2022 5:20 PM IST
  • စစ်ကောင်စီခေါင်းဆောင်ကို UN လာဖမ်းမယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို HT News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ ICJ က ဓါတ်ပုံတစ်ပုံရယ် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတစ်ပုံကို Photoshop နဲ့ ပေါင်းထားပြီး ဓါတ်ပုံပေါ်မှာ "မင်းအောင်လှိုင်ကို ICJ အဖွဲ့က ၁၈နာရီအတွင်း လာခေါ်မယ်ဟု UNထုတ်ပြန်လို့ လန့်ကုန်ပြီ" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်းရေးသားကာ ဒီလိုထုတ်ပြန်လို့ ဝန်ကြီးတွေ နုတ်ထွက်ကုန်ပြီလို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၆၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၅၀၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ က ၁၈ နာရီအတွင်း လာခေါ်ဖို့ UN က ထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားထဲမှာ ပြောထားတဲ့ စစ်ကောင်စီခေါင်းဆောင်ကို ၁၈ နာရီအတွင်း လာဖမ်းဖို့ ICJ ရော UN ကပါ ထုတ်ပြန်ထားခြင်း မရှိသလို မည်သည့် သတင်းဌာနကမှလည်း ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

    သတင်းအမှားရဲ့ ခေါင်းစဉ်မှာ စစ်ကောင်စီခေါင်းဆောင်ကို လာဖမ်းဖို့ ထုတ်ပြန်တယ်လို့ ဖော်ပြထားပေမယ့် Video ရဲ့အတွင်းမှာတော့ တစ်ခြားအကြောင်းအရာတွေ သတင်းတွေကိုသာ ဖော်ပြထားပါတယ်။ ခေါင်းစဉ်မှာပြောထားတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး YouTube နဲ့ Facebook ပေါ်ဖြန့်ဝေကာ ၎င်း video ကို ကြည့်ရှု့သူများလာတဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Click baits အဖွဲ့တွေ ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsUNMilitaryCoupICJသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   မင်းအောင်လှိုင်ကို ICJ အဖွဲ့က ၁၈နာရီအတွင်း လာခေါ်မယ်ဟု UN ထုတ်ပြန်လို့ လန့်ကုန်ပြီ
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!