BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်နက်ဝယ်ထားတဲ့...
သတင်းအတု

လက်နက်ဝယ်ထားတဲ့ ဘတ်ဂျက်စစ်ဆေးခွင့်ပြုရင် UEC က ရွေးကောက်ပွဲစာရွက်စာတမ်း ချပြမယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ တပ်မတော်က လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျတ်တွေနဲ့ ပတ်သက်ပြီး UEC နာမည်သုံးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 Dec 2020 3:53 PM IST
  • လက်နက်ဝယ်ထားတဲ့ ဘတ်ဂျက်စစ်ဆေးခွင့်ပြုရင် UEC က ရွေးကောက်ပွဲစာရွက်စာတမ်း ချပြမယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ DM Uym Dkn ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "UEC က စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက် ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲ စာရွက်စာတန်းများကို ချပြပါမယ်တဲ့ဗျာ" လို့ ရေးသားထားပါတယ်။ အဲ့ဒီ သတင်းအမှားနဲ့ အတူ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်း ရဲ့ ဓါတ်ပုံကိုပါ တွဲတင်ထားပါတယ်။

    အဲ့ဒီ DM Uym Dkn ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၃၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါး ရှိနေပါတယ်။ တခြား We Love Amay Suu ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ် နဲ့ ဇော်ဌေးရဲ့ဆရာ ဆိုတဲ့ အမည်နဲ့ ဖေ့စ်ဘွတ်အကောင့် ကလည်း အဲ့ဒီ သတင်းအမှား ပြန်လည် ကူးယူ ဖော်ပြထားကြပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။


    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ တပ်မတော်က စစ်လက်နက် ဝယ်ယူထားတဲ့ ဘတ်ဂျက် စစ်ဆေးခွင့်ပြုရင် UEC က ရွေးကောက်ပွဲ စာရွက်စာတမ်းတွေ ချပြမယ် ဆိုတဲ့ အကြောင်းအရာဟာ UEC က ပြောကြားထားခြင်း မရှိတဲ့ သတင်းအမှားဖြစ်ပါတယ်။

    အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က မည်သည့်နေရာမှာမှ ပြောဆိုထားခြင်းမရှိသလို တရားဝင် မီဒီယာတွေမှာလည်း ရေးသားဖော်ပြထားခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နာမည်ကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအမှား သက်သက်သာ ဖြစ်ပါတယ်။

    ဒီသတင်းအမှားနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သတင်းအမှား ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ UEC ဖေ့စ်ဘွတ်ပေ့ချ်မှာ ထုတ်ပြန်ထားတဲ့ အကြောင်းအရာကို ဒီမှာ ကြည့်ပါ။







    Tags

    Fake newsUECelection documentsbudgetလက်နက်ဝယ်ဘတ်ဂျက်ရွေးကောက်ပွဲစာရွက်စာတမ်းသတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ တပ်မတော်က စစ်လက်နက် ဝယ်ယူထားတဲ့ ဘတ်ဂျက် စစ်ဆေးခွင့်ပြုရင် UEC က ရွေးကောက်ပွဲ စာရွက်စာတမ်းတွေ ချပြမယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!