BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အဆိုတော်အိမ့်ချစ် PDF လက်ချက်နဲ့...
သတင်းအတု

အဆိုတော်အိမ့်ချစ် PDF လက်ချက်နဲ့ သေပြီလို့ ဖြန့်ထားတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ အလွန်အမင်းဝေဖန်ခံနေရတဲ့ အဆိုတော် အိမ့်ချစ် PDF လက်ချက်နဲ့ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  22 March 2023 4:48 PM IST
  • အဆိုတော်အိမ့်ချစ် PDF လက်ချက်နဲ့ သေပြီလို့ ဖြန့်ထားတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Update Everyday 99 ဆိုတဲ့ သတင်းမီဒီယာပုံ ဖန်တီးထားတဲ့ Website တစ်ခုက မတ်လ ၂၁ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပါတယ်။ ၎င်း သတင်းရဲ့ Feature ဓါတ်ပုံပေါ်မှာ အဆိုတော် အိမ့်ချစ်နဲ့ သေနတ်ကိုင်ထားသူ တစ်ဦးရဲ့ ဓါတ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “PDF လက်ချက်နဲ့ အဆိုတော် အိမ့်ချစ် သေပြီ” လို့ရေးသားထားပါတယ်။ ဒီ သတင်းရဲ့ ခေါင်းစဉ်မှာလည်း “မအလ အားပေးအဆိုတော် အိမ့်ချစ် PDF လက်ချက်နဲ့ သေပြီ” (မူရင်းဖော်ပြထားသည့် အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီသတင်းကို ဖေ့စ်ဘွတ်ပေါ်ဖြန့်ဝေရာမှာလည်း အဆိုပါအတိုင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကနေ လူများတဲ့ Group တွေထဲကို ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အဆိုတော်အိမ့်ချစ် PDF လက်ချက်နဲ့ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အိမ့်ချစ်ဟာ ကွယ်လွန်ခြင်းမရှိသလို မည်သည့် လက်နက်ကိုင်တစ်ဦးတစ်ယောက်ကမှ ပစ်သတ်ထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားသူတွေကသာ လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

    ဒါ့အပြင် ၎င်း Website သတင်းအတွင်းမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ Website အတွင်းမှာ YouTube Video တစ်ပုဒ်ကိုသာ ပြန်လည် ဖြန့်ဝေထားပါတယ်။ ဒီ Video အတွင်းမှာလည်း အိမ့်ချစ်ကို PDF တွေပစ်တာ မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှုသူရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsBurmese Singer Eaint Chitshot deadPDFMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   PDF လက်ချက်နဲ့ အဆိုတော် အိမ့်ချစ် သေပြီ
    Claimed By :  Facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!