BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပင်လောင်းက ဘုန်းကြီးကျောင်းကို PNLA...
သတင်းအတု

ပင်လောင်းက ဘုန်းကြီးကျောင်းကို PNLA က ဒရုန်းနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအတု

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နောင်ဝိုးရွာက ဘုန်းကြီးကျောင်းကို ကရင်နီ PDF နဲ့ PNLA က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  15 May 2024 9:23 PM IST
  • ပင်လောင်းက ဘုန်းကြီးကျောင်းကို PNLA က ဒရုန်းနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ အပျက်အဆီးတွေ ဖြစ်ပေါ်နေတဲ့ ဘုန်းကြီးကျောင်းအတွင်းက ဓါတ်ပုံတွေကို အသုံးပြုထားကာ “ပင်လောင်းမြို့နယ် နောင်ဝိုးရွာဦး ဘုန်းကြီးကျောင်း အကြမ်းဖက် ကယားပဒပ်နှင့် PNLO/PNLA အကြမ်းဖက်အဖွဲ့တို့မှ ဒရုန်းဖြင့်နှင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ပျက်စီးမှုဖြစ်သွားကြောင်းသိရ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နောင်ဝိုးရွာက ဘုန်းကြီးကျောင်းကို ကရင်နီ PDF နဲ့ PNLA က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ ဖြစ်စဉ်ဟာ မေလ လဆန်းပိုင်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးရွာ ဘုန်းကြီး ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။ ဒီဓါတ်ပုံတွေကို ယူပြီး စစ်ကောင်စီထောက်ခံသူတွေဘက်က တန်ပြန်သတင်းအမှားဖြန့်ကာ ကရင်နီ PDF နဲ့ KNLA လက်နက်လို့ ဖြန့်ထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ပင်လောင်းမြို့ကို နေ့တိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ရှမ်းပြည်တောင်ပိုင်းက တော်လှန်ရေး သတင်းတွေ ဦးစားပေး ဖော်ပြနေတဲ့ ခမ်းသားငေါဝ်း သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ခမ်းသားငေါဝ်း သတင်းဌာနက ဖော်ပြထားတဲ့ စစ်ကောင်စီ လက်နက်ကြီးကျရောက်ထိမှန်လို့ နောင်ဝိုးရွာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးသွားတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryPropagandaPNLAKarenni PDFMonasteryDrone drop bombသတင်းအတုပင်လောင်းမြို့ နောင်ဝိုးရွာဘုန်းကြီးကျောင်းစစ်ကောင်စီလက်နက်ကြီးနဲ့ ပစ်ခတ်
    Read Full Article
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!