BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို...
      သတင်းအတု

      ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို PNLA နဲ့ KNDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအတု

      ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်က မွေတော်ဘုရားကုန်းကို တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ PNLA နဲ့ KNDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်သွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  29 March 2024 8:43 PM IST
    • ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို PNLA နဲ့ KNDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်တွေကတဆင့် မတ်လ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ပြိုကျ ပျက်ဆီးနေတဲ့ ပုံတစ်ချို့ တင်ထားပြီး အဆိုပါ ပုံတွေနဲ့အတူ “ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို အကြမ်းဖက် ခွန်သူရိန်၏ PNLO/PNLA အဖွဲ့နှင့် KNPP/KNDF(ခရစ်ယာန်) ကယန်း ပဒေါင် အကြမ်းဖက် ပူးပေါင်းအဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဖျက်စီးသွားကြောင်းသိရ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်က မွေတော်ဘုရားကုန်းကို တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ PNLA နဲ့ KNDF တို့က လက်နက်ကြီးနဲ့ ပစ်ခတ်သွားတယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      စစ်ကောင်စီဟာ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကစပြီး မြို့ကို လက်လွှတ်လိုက်ရကာ ပြန်လည်သိမ်းပိုက်နိုင်ဖို့ မြေပြင်ကရော ၊ လေကြောင်းကပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေကြပါတယ်။ မတ်လ ၂၇ ရက်မှာ ဆိုက်ခေါင် အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ဒီပစ်ခတ်မှုကြောင့် မွေတော်ဘုရားကုန်း အတွင်းက သာသနာနိကအဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။ ဒီလို ပျက်ဆီးမှုတွေကို စစ်ကောင်စီထောက်ခံသူတွေက PNLO ၊ KNPP နဲ့ KNDF တို့ လက်ချက်ဖြစ်တယ်လို့ တန်ပြန်ဝါဒဖြန့်ထားတာ ဖြစ်ပါတယ်။

      ဒါ့အပြင် ဒီဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာနကလည်း စစ်ကောင်စီရဲ့ လက်ချက်ဖြစ်တယ်လို့ ဖော်ပြထားကာ အဆိုပါ သတင်းထဲက ဓါတ်ပုံတွေကို အသုံးပြုပြီး အခုလို ဝါဒဖြန့် သတင်းအမှားဖြန့်ထားတာ ဖြစ်ပါတယ်။

      မဲခေါင်သတင်းဌာနက ဖော်ပြထားတဲ့ ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်လို့ ပျက်စီး သွားတယ်ဆိုတဲ့ သတင်းကို ဒီ Link မှာ ဖတ်ပါ။

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။



      Tags

      Fake newsPNLAKNPPKNDFfiredheavy weaponsPagoda Hillသတင်းအတုမွေတော်ဘုရားကုန်းဆီဆိုင်မြို့စစ်ကောင်စီ
      Read Full Article
      Claim :   ဆီဆိုင်မြို့က မွေတော်ဘုရားကုန်းကို ခွန်သူရိန်၏ PNLO/PNLA အဖွဲ့နှင့် KNPP/KNDF(ခရစ်ယာန်) ကယန်း ပဒေါင် ပူးပေါင်းအဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဖျက်စီးသွားကြောင်းသိရ
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!