BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • နာမည်ကြီး ပရဟိတအဖွဲ့တွေကို OIC က...
သတင်းအတု

နာမည်ကြီး ပရဟိတအဖွဲ့တွေကို OIC က ထောက်ပံ့ထားတယ်ဆိုတဲ့ သတင်းအတု

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့တချို့ရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ထားတဲ့အပေါ် OIC က ထောက်ပံ့ကြေးတွေကြောင့်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  24 Feb 2021 6:39 PM IST
  • နာမည်ကြီး ပရဟိတအဖွဲ့တွေကို OIC က ထောက်ပံ့ထားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ခန့်က လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး အဲ့ဒီသတင်းအမှားထဲမှာ "OIC မှ ထောက်ပံ့ ဒေါ်လာငွေများဖြင့် ငွေမဲမှ ငွေဖြူလုပ်၍သုံးစွဲနေမှုများဖော်ထုတ်ရရှိတယ် ဒေါ်စုတည်ထောင်တဲ့ "ဒေါ်ခင်ကြည်ဖေါင်တေးရှင်း" ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)တည်ထောင်တဲ့ "ဆည်းဆာရိပ်ဘိုးဘွားရိပ်သာဖေါင်တေးရှင်း" "အောင်ဖေါင်တေးရှင်း" (ပတဟိတ) ပြေတီဦး တည်ထောင်တဲ့ "ပြေတီဦးဖေါင်တေးရှင်း" ချစ်သူ့ဝေ လင်းလင်းတည်ထောင်တဲ့ "ခေတ် နဲ့ သစ် " ဖေါင်တေးရှင်း အဲ့ဒီ ဖေါင်တေးရှင်း တွေကနေ OIC ရဲ့ထောက်ပံ့ ငွေမဲတွေကိုအသုံးပြု့နေပါတယ် OIC မှ လွဲပေးတဲ့ ဒေါ်လာများကို ဦးဇော်ဇော် ပိုင်တဲ့ ဧရာဝတီဘဏ်ကနေ ဝင်တယ် မြန်မာ့ ဗဟိုဘဏ်ကို ဖြတ်ရတယ် ဒါကြောင့် မြန်မာ့ ဗဟိုဘဏ်မှာ ဘဏ်အားလုံးရဲ့ နိုင်ငံခြားငွေ အဝင်အထွက် စာရင်းရှိတယ် ဗဟ်ိုဘဏ်စာရင်း အဝင်အထွက်ကို ဖျောက်ချင်လို့ ဗဟိုဘဏ်ကို အတင်း CDM လုပ်ကြတယ် ဧရာဝတီ မီဒီယာ မဦ္ဇမ မီဒီယာ DVB မီဒီယာ တို့က OIC ငွေ အထောက်အပံ့နဲ့ သတင်းတွေ တစ်ဖက်သတ်ဖြန့်တယ် နောက်ထပ် ဒေါ်လာစား မီဒီယာတွေရှိပါသေးတယ် ကျန်းမာရေးဝန်ကြီးဌာနကလည်း လူကြီးတွေကိုယ်တိုင် CDM လုပ်တာဟာလည်း ဒီ ငွေကြေးကိစ္စ ပေါ်မှာစိုးလို့ လုပ်တာ နားမလည် မသိတဲ့ ဆရာဝန်တွေက လိုက်ပြီး CDM လုပ်တယ် CDM လုပ်တဲ့ဝန်ထမ်းတွေကို လစာပေးဖို့ဆိုပြီး လှူတဲ့ သန်း ၂၀၀၀ ဆိုတာ တွေ တခြား သူလှူတာတွေဟာ အကုန် OIC ငွေတွေဖြစ်ပါတယ်…" (မူရင်းရေးသားမှုအတိုင်း) လို့ရေးသားထားပြီး ဒီလို OIC က ငွေကြေးထောက်ပံ့တာဟာ မြန်မာပြည်ဖွား မွတ်စလင်တစ်ဦးကို သမ္မတအဖြစ် တင်ဖို့ အပေးအယူလုပ်ထားတယ်လို့လည်း အဆိုပါ သတင်းအမှားထဲမှာ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ပြည်ခိုင်ဖြိုးပါတီဝင် အများစုရှိတဲ့ ဖေ့စ်ဘွတ် Group တွေထဲမှာ လူပေါင်းများစွာက ကူးယူရေးသားဖော်ပြနေတာကို တွေ့ရပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေရှင်း အပါအဝင် အခြားပရိဟိတ ဖောင်ဒေးရှင်းတွေက OIC က ထောက်ပံ့ကြေးယူပြီး ငွေဖြူငွေမည်း လုပ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ NLD ပါတီကို ထောက်ခံနေတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ရွေးကောက်ပွဲမတိုင်ခင် ကတည်းကလည်း NLD ပါတီဟာ OIC က ထောက်ပံ့ကြေး ယူထားတယ်ဆိုတဲ့ သတင်းအမှားများစွာ ထွက်ပေါ်ခဲ့သလို အခု ပရဟိတ ဖောင်ဒေးရှင်းတွေကို သတင်းအမှားဖြန့်ပြီး ထပ်မံတိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းတို့ရဲ့ ရေးသားမှုထဲမှာ ဘာသာရေးအကဲဆက်တဲ့ သွေးထိုးလှုံ့ဆော်မှု ပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ NLD ပါတီက OIC က ထောက်ပံ့ကြေး ယူပြီး မွတ်စလင်ထဲက သမ္မတတစ်ဦး ခန့်အပ်မယ်ဆိုတဲ့ အကြောင်းအရာဟာလည်း အမျိုးသားရေးအမည်နဲ့ လှုပ်ရှားနေသူတွေ မကြာခဏ သွေးထိုးလှုံ့ဆော်မှု ပြုနေတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

    Tags

    Fake newsOICcharities foundationsDaw Khin Kyi FoundationMilitary Coupသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေရှင်း အပါအဝင် အခြားပရိဟိတ ဖောင်ဒေးရှင်းတွေက OIC က ထောက်ပံ့ကြေးယူပြီး ငွေဖြူငွေမည်း လုပ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!