BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မိုးကုတ်မြို့အနီးမှာ NUG...
သတင်းအတု

မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို စစ်ကောင်စီက အရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 July 2024 7:39 PM IST
  • မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇူလိူင်လ ၁၉ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ NUG ခေါင်းဆောင်တစ်ဦးရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “မိုးကုတ်မြို့အနီး NUG သမ္မတနဲ့ အဖွဲ့ကို အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာ။ NUG သမ္မတ သနားပါတယ်” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၅၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို စစ်ကောင်စီက အရှင်ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    NUG ခေါင်းဆောင်တွေဟာ စစ်ကောင်စီရဲ့ လွတ်မြောက်ရာဒေသတွေမှာ အသီးသီးရှိကြပြီး မည်သူတစ်ဦးတစ်ယောက်မှ ဖမ်းဆီးခံရခြင်း မရှိပါဘူး။ သတင်းအမှားထဲမှာဖော်ပြထားသလို NUG သမ္မတကို မိုးကုတ်မြို့မှာ ဖမ်းဆီးရမိတယ်ဆိုတာဟာလည်း သတင်းအမှားသက်သက်သာဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Read Full Article
    Claim :   မိုးကုတ်မြို့အနီး NUG သမ္မတနဲ့ အဖွဲ့ကို အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!