BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်ပြီး...
      သတင်းအတု

      NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စပြီ ဆိုတဲ့ သတင်းအတု

      NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar | 27 Feb 2023 3:53 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စပြီ ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Get the light ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရေးတင်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်တယ်။ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သတင်းကြေညာနေသူတစ်ဦးရယ် ဗိုလ်ချုပ်ဂွမ်မော်၊ AA စစ်ဦးစီးချုပ်အပါအဝင် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ၄ ဦးရဲ့ ဓါတ်ပုံကို ဖော်ပြထားပါတယ်။ ဓါတ်ပုံပေါ်မှာ “NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စပြီ” လို့ ဖော်ပြထားကာ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာတော့ အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စဖြစ်ပြီတယ်လို့ ဖော်ပြထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို Like လုပ်ထားသူ ၅ ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှုထားသူ ၁ သိန်း ၈ သောင်းကျော်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၇၀၀၀ ကျော်ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ NUG သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွက် စစ်ဦးစီးချုပ်တစ်ဦး ခန့်အပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ အခုချိန်ထိတော့ စစ်ဦးစီးချုပ် ခန့်အပ်မယ့် သတင်းက ထပ်မံထွက်ပေါ်လာခြင်း မရှိသေးသလို NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်လိုက်တယ်ဆိုတာလည်း သတင်းအမှားသာဖြစ်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စခြင်းလည်း မရှိပါဘူး။

      ဒါ့အပြင် ၎င်းတို့ ဖြန့်ထားတဲ့ Video အထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ NUG က ခန့်အပ်မယ့် စစ်ဦးစီးချုပ် ဘယ်သူဖြစ်နိုင်မလဲဆိုတဲ့ သုံးသပ်ချက်သာ ပါဝင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင် ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsNUGCommander-in-chiefMilitaryCoupသတင်းအတုစစ်ကောင်စီစစ်ဦးစီးချုပ်မြို့သိမ်းတိုက်ပွဲ
      Read Full Article
      Claim :   NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်အပ်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စပြီ
      Claimed By :  Facebook, YouTube
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!