BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဗုံးတစ်လုံးခွဲရင် NLD ပါတီက ငွေ ၃...
      သတင်းအတု

      ဗုံးတစ်လုံးခွဲရင် NLD ပါတီက ငွေ ၃ သိန်း ချီးမြှင့်တယ် ဆိုတဲ့ သတင်းအတု

      ဗုံးတစ်လုံးခွဲရင် NLD ပါတီက ငွေ ၃ သိန်း ချီးမြှင့်တယ် ဆိုပြီး NLD ကထုတ်ပြန်ကြေငြာသယောင်ရေးသားဖြန့်သေထားတဲ့ လျှို့ဝှက် ကြေငြာစာ အတုတစ်စောင် လူမှုကွန်ရက်ပေါ်မှာပျံ့နှံံနေပါတယ်။

      By - Boom Live Myanmar | 29 Jun 2021 12:52 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဗုံးတစ်လုံးခွဲရင် NLD ပါတီက ငွေ ၃ သိန်း ချီးမြှင့်တယ် ဆိုတဲ့ သတင်းအတု

      အဆိုပါ NLD ပါတီရဲ့ ကြေငြာစာဆိုတဲ့စာကို စစ်တပ်ထောက်ခံတဲ့ ဖေ့စ်ဘွတ်အကောင့်တွေဘက်က စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပြီး အဲ့ဒီ ကြေငြာစာဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လိပ်စာကို အသုံးပြုထားပါတယ်။ ၎င်းကြေငြာချက်ထဲမှာ စစ်ကောင်စီ ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ရန်ကုန်လေဆိပ်မှာ Taxi မောင်းတဲ့ အောင်ဟိန်းဆိုသူက ပြောဆိုထားတဲ့ အကြောင်းအရာကို ပါထည်သွင်း ရေးသားထားပြီး ဒီလို ဖောက်ခွဲနိုင်ရင် ငွေ ၃ သိန်းပေးထားတာ တကယ်ဖြစ်ကြောင်း ဆက်လက် ရေးသားထားပါတယ်။ ဒါ့အပြင် မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေ ထံကိုလည်း ဖောက်ခွဲတဲ့ သူတွေကို ထောက်ပံ့ဖို့ ငွေကြေးအလုံအလောက် ပေးထားကြောင်း ဆက်လက် ရေးသားထားပါတယ်။

      ၎င်းကြေငြာချက်ဟာ အချက် ၅ ချက် ပါဝင်ပြီး အချက် ၅ ချက်လုံးမှာ ဗုံးတစ်လုံးခွဲတိုင်း ၃ သိန်းပေးတာမှန်ကန်ကြောင်း ထပ်တလဲလဲ ရေးသားနေတာကို တွေ့ရပါတယ်။၎င်းတို့ ဖြန့်ဝေထားတဲ့ ထုတ်ပြန်ချက်ကို ဒီမှာ ကြည့်ပါ။

      သတင်းဆန်းစစ်ချက်

      လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာမည်နဲ့ ဗုံးတစ်လုံးခွဲတိုင်း ငွေ ၃ သိန်း ထောက်ပံ့ပေးတယ် ဆိုတဲ့ လျှို့ဝှက် ကြေငြာချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ထုတ်ပြန်ချက် အတုဖြစ်ကြောင်း တွေ့ရပါတယ်။

      စစ်ကောင်စီရဲ့ ဝါဒဖြန့် ရုပ်သံမှာ ဖြေကြားထားတဲ့ ရန်ကုန်လေဆိပ်က Taxi မောင်းသူ ဟိန်းအောင် ဆိုသူရဲ့ Video ထွက်ပေါ်အပြီးမှာ ၎င်း Video ဟာ လုပ်ကြံပြောဆိုထားတာ ဖြစ်တယ်လို့ ပြည်သူတွေကြားမှာ ဝေဖန်မှု မြင့်တက်ခဲ့သလို ဟိန်းအောင်ဆိုသူ အကြောင်းကိုလည်း Mratt's Channel မှာ အချက်အလက်တွေနဲ့ ရေးသားဖော်ပြကာ လိမ်ညာပြောဆိုထားတာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

      Mratt's Channel မှာ ဖော်ပြထားတဲ့ ဟိန်းအောင် ဆိုသူ အကြောင်းကို ဒီမှာ ဖတ်ပါ။

      အဲ့ဒီနောက်မှာ အဆိုပါ Video ထဲမှာ ပြောဆိုထားတာမှန်ကန်ကြောင်း အခုလို ထုတ်ပြန်ချက်အတုဖန်တီးကာ ဖြန့်ဝေခဲ့ခြင်း ဖြစ်ပါတယ်။ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်ကလည်း ၎င်းထုတ်ပြန်ချက်တာ အတုဖြစ်တယ်လို့ Boom Myanmar ကို အတည်ပြု ပြောကြားပါတယ်။

      Tags

      Fake newsNLDrewarded 300000 kyatdetonating a bombCoupMilitaryသတင်းအတုစစ်ကောင်စီဗုံးပေါက်ကွဲ
      Read Full Article
      Claim :   လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာမည်နဲ့ ဗုံးတစ်လုံးခွဲတိုင်း ငွေ ၃ သိန်း ထောက်ပံ့ပေးတယ် ဆိုတဲ့ လျှို့ဝှက် ကြေငြာချက်ကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!