BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစိုးရ မဖွဲ့နိုင်ရင် NLD ပါတီ...
သတင်းအတု

အစိုးရ မဖွဲ့နိုင်ရင် NLD ပါတီ ဖျက်သိမ်းခံရမယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ NLD အစိုးရမဟုတ်ဘဲ တခြားသော အစိုးရ တက်ခဲ့ရင် ပါတီဖျက်သိမ်းခံရပြီး ပါတီရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် သိမ်းခံရနိုင်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Nov 2020 6:56 PM IST
  • အစိုးရ မဖွဲ့နိုင်ရင် NLD ပါတီ ဖျက်သိမ်းခံရမယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို U Naing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၄ ရက်နေ့ ၃ နာရီ ၄၈ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီသတင်းအမှားထဲထဲမှာ "ရွေးကောက်ပွဲအလွန် NLDအစိုးရမဟုတ်ပဲ အခြားသောအစိုးရတစ်ရပ်ပြောင်းလဲသွားရင် NLD ပါတီက ဖျက်သိမ်းခံရဖို့ အလားလာများပါတယ်။ဒါအပြင် NLD ပါတီအမည်ခံ ပိုင်ဆိုင်မှုတွေကလည်း ပြည်သူပိုင် အသိမ်းခံရဖို့ ရှိနေပါတယ်။ NLD အစိုးရက နှင်းဆီပါတီကို ဖျက်သိမ်းလိုက်သလိုမျိုး NLD ပါတီကလည်း ဖျက်သိမ်းခံရဖို့ များပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလတလျှောက် ဥပဒေမဲ့ လုပ်ရပ်တွေ များသလို ပါတီရဲ့ အရှုပ်တွေကိုဖေါ်မဲ့ ဦးဌေးအောင်ကို ဥပဒေကြောင်းအရ တရားစွဲဆိုပါလျက်နဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွန်သုံးစွဲပြီး ဒီနေ့အထိ ဦးဌေးအောင်ကို တရားရုံးပေါ် တိုင်သိပြည်သိ တရားစွဲပြီး ရုံးထုက်မတင်သေးတာပါပဲ" (မူရင်းရေးသားချက်အတိုင်း) လို့ ရေးသားထားပြီး အဲ့ဒီသတင်းအမှားထဲမှာ NLD ပါတီက နိုင်ငံခြား ထောက်ပံ့မှု ကင်းရှင်းကြောင်း မှန်ကန်ရင် ဦးဌေးအောင်ကို တရားရုံးမှာ ဥပဒေကြောင်းအရ ရှင်းလို့ရနိုင်ကြောင်း သို့ပေမယ့် ၃ လကျော် ၄ လ ခန့်အထိ တရားရုံးမထုတ်သေးတာ စဉ်းစားစရာ ဖြစ်နေကြောင်း၊ NLD ပါတီရဲ့ ပိုင်ဆိုင်မှုတွေ မဆုံးရှုံးဖို့ အနိုင်ရမယ့် နည်းလမ်းတွေကို အရှက်သိက္ခာမဲ့စွာ ပြုလုပ်ခဲ့ကြောင်း အကယ်၍ ပါတီက ဖျက်သိမ်းခံရခဲ့ရင် ပိုင်ဆိုင်မှုတွေ အသိမ်းခံရပြီး ဘဝပျက်ကာ ရူးကြလိမ့်မည် ဖြစ်ကြောင်း ရေးသားထားပြီး ဒီလိုအခြေအနေတွေကြောင့် ဒီမိုကရေစီ အပင်ပေါက်လေးကို မသတ်ပါနဲ့ဟု ပြောကာ အသနားခံနေကြောင်း ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်မှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။

    အဲ့ဒီ သတင်းအမှားဖြန့် ရေးသားမှုကို ထပ်ဆင့်ဝေမျှသူ ၂၁၀၀ ကျော်ရှိနေပြီး Like လုပ်ထားသူ ၁၂၀၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် တခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း အဲ့ဒီသတင်းအမှားကို ပြန်တင်ထားကြပါတယ်။

    မူရင်းရေးသားမှု အပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာဖြစ်တဲ့ NLD ပါတီက နိုင်ငံခြားငွေတွေ ယူထားပြီး ရွေးကောက်ပွဲမှာ မသမာတဲ့ နည်းလမ်းနဲ့ အနိုင်ရရှိထားပြီး အစိုးရ မဖွဲ့နိုင်ရင် ပါတီဖျက်သိမ်းခံရတော့မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အဆိုပါ အကြောင်းအရာတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို ရေးသားဖြန့်ဝေထားတာနဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင်က "သူတို့လုပ်ပုံကို ပြောရရင်တော့ အောက်လုံးတွေပေါ့ဗျာ။ အောက်လုံးတွေနဲ့ ကျွန်တော်တို့အပေါ်မှာ ထိုးနှက်တာပါပဲ။ တကယ်သက်သေ သက်ကာယ ဘယ်သူက ယူတယ် ဘယ်လောက်ယူတယ် ဘယ်တုန်းက ယူတယ် ဘာအတွက်ယူတယ် ဆိုတာ ဒါမျိုးတွေ အခုထက်ထိ မပြနိုင်ပါဘူး။ အဲ့တော့ ဒီလို မပြနိုင်ဘဲနဲ့ စွပ်ဆွဲနေတာကတော့ အထူးသဖြင့် ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင်ပေါ့ ဒါလုပ်တဲ့ သဘောပါပဲ။ အခုလို သတင်းအမှား သတင်းတုတွေနဲ့ လုပ်ကြံတဲ့ ကိစ္စကတော့ တစ်ချိန်မှာ ဒီ အမှန်တရားက ပေါ်လာမှာပါပဲ။ ပေါ်လာတဲ့အခါမှာတော့ အဲ့ဒီ ပုဂ္ဂိုလ်တွေကို ပြည်သူလူထုကနေပြီးတော့ ပြန်ပြီးတော့ ဒဏ်ခတ်မယ်လို့ ကျွန်တော်ပြောရဲပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

    Tags

    Fake newsNLD governmentElection Myanmar 2020အစိုးရNLD ပါတီသတင်းအတု
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာဖြစ်တဲ့ NLD ပါတီက နိုင်ငံခြားငွေတွေ ယူထားပြီး ရွေးကောက်ပွဲမှာ မသမာတဲ့ နည်းလမ်းနဲ့ အနိုင်ရရှိထားပြီး အစိုးရ မဖွဲ့နိုင်ရင် ပါတီဖျက်သိမ်းခံရတော့မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီက မုံရွာအောင်ရှင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!