BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်သားဟောင်းတွေကို ဖယ်ဖို့ NLD...
သတင်းအတု

စစ်သားဟောင်းတွေကို ဖယ်ဖို့ NLD ပြောခဲ့တယ်ဆိုတဲ့ သတင်းအတု

အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေမှာ စစ်သားဟောင်းတွေကို ဖယ်ရှားသွားဖို့ NLD က ပြောခဲ့တယ် ဆိုတဲ့ သတင်းအတုတွေ ကို သတင်းအမှားဖြန့်နေကြ အဖွဲ့တွေ ဒီရက်ပိုင်းထဲ ဖြန့်ဝေခဲ့ကြပါတယ်။

By - Boom Live Myanmar |
Published -  16 Jan 2021 6:03 PM IST
  • စစ်သားဟောင်းတွေကို ဖယ်ဖို့ NLD ပြောခဲ့တယ်ဆိုတဲ့ သတင်းအတု

    အဲ့ဒီသတင်းအမှားကို Newpowermedia ဆိုတဲ့ သတင်းဌာန အယောင်ဆောင်ထားတဲ့ ပေ့ချ်က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းအမှားဖြန့်နေကြ ဖေ့စ်ဘွတ်အကောင့်တွေက ပြန်လည် ကူးယူဖော်ပြထားကြပါတယ်။

    အဆိုပါ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "အစိုးရသစ်အဖွဲ့နဲ့ ဌာန ဆိုင်ရာတွေ ထဲမှာ စစ်သားဟောင်းတွေကို ဦးစားပေး ဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင်ပြော" လို့ရေးသားထားပါတယ်။

    အဲ့ဒီသတင်းရဲ့အတွင်းပိုင်းမှာတော့ "၂၀၂၀ အထွေထွေရွေးကောက်ပွဲ အပြီး လက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရသစ်ကို အမြန်ဖွဲ့စည်းနိုင်ဖို့ ကြိုးစားလျက်ရှိရာ အစိုးရသစ်ဖွဲ့စည်းတဲ့အခါ ကျနော်တို့အစိုးရအဖွဲထဲမှာ စစ်သားဟောင်းတွေအဓိက မပါအောင်လုပ်မယ် စီလဲစီမံထားတယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီ ဒုတိယဥက္ကဌ ၂ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ် ။ ကျနော်တို့က အရပ်သားစစ်စစ်အစိုးရကိုဖော်ဆောင်သွားမယ့် အချိန်မှာ ကျနော်တို့အစိုးရအဖွဲ့ဝန်ကြီးတွေ ဒုဝန်ကြီးတွေနဲ့ ဌာနအတော်များများမှာရှိတဲ့ စစ်သားဟောင်းတွေကို ဖယ်ရှားသွားမယ် ကျနော်တို့က ဖြစ်နိုင်ရင် ကာကွယ်ရေးလိုဝန်ကြီးမျိုးကိုတောင် ကျနော်တို့ ဆီက နာလည်တဲ့သူတွေကိုပဲ ခန့်ထားချင်တယ် ၊ လက်ခံတာလက်မခံတာတော့သူတို့ဖက်က အပိုင်းပေါ့ ကျနော်တို့ကလည်း ဖြစ်ချင်တာကိုပြောတာပါလို့ဆိုပါတယ်" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှုအပြည့်အစုံကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေမှာ စစ်သားဟောင်းတွေကို NLD ပါတီက ဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင် ပြောကြားခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဒီအကြောင်းအရာဟာလုံး၀ပြောဆိုထားခြင်းမရှိတဲ့ အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတင်းအတု သတင်းအမှားသာ ဖြစ်တယ်လို့ The Mandalay News Journal ကို ပြောကြားထားပါတယ်။ အဆိုပါ သတင်းဌာနကို ဒေါက်တာဇော်မြင့်မောင် ဖြေကြားထားတဲ့ အကြောင်းအရာကို ဒီ Link မှာ ဖတ်နိုင်ပါတယ်။




    Tags

    Fake newsNLD governmentremove ex-soldiersသတင်းအတုစစ်သားဟောင်းအစိုးရအဖွဲ့
    Read Full Article
    Claim :   အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေမှာ စစ်သားဟောင်းတွေကို NLD ပါတီက ဖယ်ရှားသွားမယ်လို့ ဒေါက်တာဇော်မြင့်မောင် ပြောကြားခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေး ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!