BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD အစိုးရက နိုင်ငံခြားကငွေတွေ...
သတင်းအတု

NLD အစိုးရက နိုင်ငံခြားကငွေတွေ လက်ခံထားတဲ့ငွေတွေ ပြန်လွဲပေးလိုက်ပြီဆိုတဲ့ သတင်းတု

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက အော်ခစ်ဟိုတယ် ပိုင်ရှင် ဦးဌေးအောင်က NLD ပါတီနဲ့ ပက်သတ်ပြီး စွတ်စွဲမှုတွေပေါ်ထွက်ခဲ့ပြီးသူ့ရဲ့ပြောဆိုမှုတွေကိုအခြေခံထားတဲ့ ထင်ယောင်ထင်မှား သတင်းတွေ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  21 Aug 2020 2:19 PM IST
  • NLD အစိုးရက နိုင်ငံခြားကငွေတွေ လက်ခံထားတဲ့ငွေတွေ ပြန်လွဲပေးလိုက်ပြီဆိုတဲ့ သတင်းတု

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ NLD ပါတီက နိုင်ငံခြားက ယူထားတဲ့ ငွေတွေ ယာယီပြန်လွဲပေးလိုက်ပြီဆိုတဲ့ သတင်းအမှား တစ်ပုဒ် ပျံနှံ့လာခဲ့ပါတယ်။ အဆိုပါ သတင်းအမှားဟာ Radio Free Myanmar ဆိုတဲ့ Screen shot ဓါတ်ပုံ တစ်ခု ကနေ စတင်ပျံနှံ့ခဲ့တာ ဖြစ်ပြီးတော့ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ်ကို ထပ်ဆင့်မျှဝေခဲ့ကြပါတယ်။

    အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "NLD အစိုးရက လက်ခံထားတဲ့ ငွေများကို ယာယီပြန်လွှဲပေးထားပြီ" လို့ ရေးသားထားပြီး အဆိုပါ သတင်းရဲ့ အတွင်းပိုင်းမှာတော့ "ခပ်တည်တည်နှင့် နိုင်ငံခြားတိုင်းပြည်များမှရယူထား သော ငွေများ ကိုNLDအစိုးရက မူလနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းထားလိုက်ပြီ ဖြစ်ကြောင်း ဦးဌေးအောင်က ၈-၈-၂၀၂၀ နေ့တွင်ထုတ်ဖော် ပြောကြားလိုက်သည်။ "ငွေတချို့ကို NLD ကမူလနိုင်ငံတွေဆီ(၂၀၁၈)က ထဲက ကျနော် ဒါတွေကိုဖော်တော့မယ်ဆိုတော့ပြန်လွှဲထားတယ်ဆိုတာသိရတယ်။ကျနော့်နည်းကျနော့်ဟန်နဲ့ဒါတွေကိုသိရတာပါ။ သက်ဆိုင်ရာနိုင်ငံ တွေကလည်း ဟုတ်တယ်။ ဘယ်နေ့ဘယ်ရက်က လွှဲပေးတယ်ဆို တဲ့အထောက်အထားတွေအကုန်ရှိတယ်ပြောတယ်။ ဒီကတကယ် လုပ်မယ်ဆိုရင်အချိန်မရွေးလွှဲပေးမယ်ပြောပါတယ်" ဟုဆိုသည်။ ယခုအချိန်ထိအတည်ပြုလို့မရသေးသောသံတမန် သတင်းအရ NLDအစိုးရဟာ ၎င်းတို့၏အာဏာကို အသိမ်းခံရနိုင်သည်ဟုအကြောင်း ပြ၍ အမေရိကန်နှင့် အခြားနိုင်ငံများသို့ ၈-၈-၂၀၂၀ နေ့ညကလျှို့ဝှက်အကူ အညီ တောင်းထားသည်ဟုဆိုသည်။ ၉-၈-၂၀၂၀ နေ့စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် ယာယီ ကောင်စစ်ဝန် အဖြစ်အမည်စာရင်း တင်သွင်းခံထားရသူ သောမတ်လာဇီယို ဗာဂျ်ဒါက တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံ၏အချုပ်အခြာ အာဏာကိုကာကွယ်ရမည်ဟု အောက်လွှတ်တော် ကြားနာပွဲတွင် ပြောကြားခြင်းက စိုးရိမ်စရာဖြစ်သည်ဟု PEMGဒါရိုက်တာရော ဘတ်ဆိုနီက RFM သို့ပြောသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ လူများတဲ့ Group တွေထဲကို ထပ်ဆင့်ဝေမျှထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Radio Free Myanmar ဆိုတဲ့ သတင်းဌာန အယောင်ဆောင်ထားတဲ့ နေရာက ဖြန့်ဝေထားတဲ့ NLD အစိုးရက လက်ခံထားတဲ့ ငွေတွေ ပြန်လွဲပေးလိုက်ပြီဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက်စစ်ဆေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ အဆိုပါ သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ဆိုပါတယ်။

    ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပက်သက်ပြီး "ဒီသတင်းထဲမှာ ဖော်ပြထားတာပေါ့လေ NLD အစိုးရက သူတို့ နိုင်ငံခြားက ယူထားတဲ့ငွေတွေကို ပြန်လွဲပြောင်းပေးလိုက်ပြီ ဆိုတဲ့ဟာမျိုး ပါလာတာပေါ့လေ။ အဲ့ဒါကတော့ တကယ်ကို ရီစရာကောင်းတဲ့ သတင်းပါပဲ။ NLD အစိုးရက ဘယ်တုန်းကမှလည်း နိုင်ငံခြား အကူအညီကို မယူခဲ့ဖူးဘူး။ နိုင်ငံခြားက အကူအညီငွေကြေးကို ဗြောင်လည်း မယူခဲ့ဖူးဘူး။ တိတ်တခိုးလည်း မယူခဲ့ဖူးဘူး။ အဲ့ဒီအတွက်ကြောင့် ပြန်ပြီးတော့ပေးတယ်ဆိုတာလည်း အဓိပ္ပါယ်မရှိဘူးလို့ အဲ့လိုပဲ ပြောချင်ပါတယ်။ ဒီလိုသတင်းလွှင့်ထုတ်မှုအပေါ် ကျွန်တော်သိသလောက်လေ ပြည်သူလူထု အများစုပေါ့လေ။ အထူးသဖြင့် NLD ကို လိုလားတဲ့ မဲဆန္ဒရှင် အများစုကတော့ ဒါ မဟုတ်ဘူး လုပ်ကြံတဲ့သတင်းဆိုတာကို သိတဲ့အတွက်ကြောင့် လက်ခံမှာ မဟုတ်ဘူး။ နောက်တစ်ချက်ကတော့ ပြည်သူတွေမှာ နိုင်ငံရေး ရေချိန်မြင့်တက်လာတော့ သတင်းအမှားဆိုတာ သိနေပြီးသားပါ" လို့ မုံရွာအောင်ရှင်က Boom Myanmar ရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။

    သတင်းအမှားဖြန့်ဝေခဲ့တဲ့ Radio Free Myanmar ဟာ Facebook Page လည်း မရှိသလို Website လည်း မရှိပါဘူး။ အခကြေးငွေ မပေးရဘဲ ဖွင့်လို့ရတဲ့ Blog စာမျက်နှာတစ်ခုသာ ရှိပါတယ်။ အဲ့ဒီ Blog စာမျက်နှာမှာလည်း အခုဖြန့်ဝေခဲ့တဲ့ သတင်းတွေ တင်ထားမရှိဘဲ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့သာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsthe NLD governmentretransfer the moneyNLD အစိုးရသတင်းအတုလက်ခံထားတဲ့ငွေပြန်လွဲပေး
    Read Full Article
    Claim :   Radio Free Myanmar ဆိုတဲ့ သတင်းဌာန အယောင်ဆောင်ထားတဲ့ နေရာက ဖြန့်ဝေထားတဲ့ NLD အစိုးရက လက်ခံထားတဲ့ ငွေတွေ ပြန်လွဲပေးလိုက်ပြီဆိုတဲ့ သတင်းကို Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင် ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!